Skip to main content

Posts

Showing posts from July, 2021

Verbs + to infinitive or -ing

#C1 #CAE #IELTS6.5-7.5 #Grammar - "Complete CAE" 2nd Edition Verbs + to infinitive or -ing  Verbs followed by the infinitive The infinitive without to is used after: modal verbs: ‘to’ မပါတဲ့ infinitive (infinitive without to/bare infinitive) ကို modal verb တွေရဲ့ နောက်မှာ သုံးပါတယ်။ We must hurry or we’ll be late. The to infinitive is used after: ‘to’ ပါတဲ့ infinitive (to-infinitive/full infinitive) ကိုတော့ အခု အောက်မှာ ပြမဲ့အရာတွေရဲ့ နောက်မှာ သုံးပါတယ်။ Some verbs which are modal in meaning: အဓိပ္ပာယ်အရ modal ဆန်တဲ့ ကြိယာတွေရဲ့ နောက်မှာ သုံးပါတယ်။ I have to go to work tomorrow. You ought to get more sleep. You need to think again. You don’t need to worry. Note: The verb need has an alternative negative form, needn’t, which is followed by the infinitive without to: မှတ်ချက် - ‘need’ ဆိုတဲ့ ကြိယာမှာ "needn't" ဆိုတဲ့ အငြင်းပုံစံ နောက်တစ်မျိုး ရှိပါတယ်။ အဲဒီ အငြင်းပုံစံနောက်မှာတော့ ‘to’ မပါတဲ့ bare infinitive လိုက်ပါတယ်။ (အထက်မှာ ပြခဲ့တဲ့ need to think/worry ဝါကျတွ...

Dependent prepositions

#Grammar #C1 #CAE #IELTS_6.5_7.5 - "Complete CAE" 2nd Edition Many verbs, nouns, and adjectives are followed by a particular preposition before a noun, noun phrase, pronoun or verb + -ing: verb, noun, adj တွေရဲ့ နောက်၊ noun, noun phrase, pronoun, -ing တို့ရဲ့ ရှေ့မှာ သီးသန့်ဝိဘတ် လိုက်ပါလေ့ရှိပါတယ်။ (V/N/Adj + preposition + N/NPhr/ProN/-ing လို့ ပုံစံ ထုတ်နိုင်) The film reminded me of my childhood. He apologised to them for damaging their car. There are no clear rules to help you decide which prepositions to use: the best strategy is to learn the preposition with the word. Examples given in a dictionary will show how they are used. အထက်က ပုံစံတွေမှာ ဘယ်ဝိဘတ်ကို သုံးရမယ်ဆိုတာ ကူညီဆုံးဖြတ်ပေးတဲ့ စည်းမျဉ်းက ရှင်းရှင်းလင်းလင်း မရှိပါဘူး။ အကောင်းဆုံး နည်းလမ်းကတော့ ဝိဘတ်ကို စကားလုံးတွေနဲ့ တွဲပြီး လေ့လာဖို့ပါ။ အဘိဓာန်ထဲက နမူနာတွေက အသုံးပြုပုံကို ပြပေးပါလိမ့်မယ်။ Here are some common words + prepositions ( sb = somebody; sth = something). ဟောဒါတွေက အတွေ့ရများတဲ့ ဝေါဟာရ+ဝိဘတ်တွဲ ပုံစ...

The Passive (ကံ)

#Grammar #C1 #C2 #IELTS6.5_7.5 The goods are imported from Italy. The goods were imported from Italy. The goods are being imported from Italy. The goods were being imported from Italy. The goods are going to be imported from Italy. The goods have been imported from Italy. The goods had been imported from Italy. The goods will be imported from Italy. The goods can be imported from Italy. The goods have to be imported from Italy. The goods might have been imported from Italy. The goods must have been imported from Italy. The passive is formed with the verb be + past participle. ကံပုံစံကို be + past participle တွေနဲ့ ဖန်တီးပါတယ်။ Intransitive verbs (verbs with no object, e.g. appear, come, go) cannot be used in the passive form. (appear, come, go တို့လို တိုက်ရိုက်ကံ မရှိတဲ့ ကြိယာ) Intransitive verb တွေမှာ ကံပုံစံကို သုံးလို့ မရပါဘူး။ There is no passive form for the present or past perfect continuous tense or the future continuous tenses. (We do not say The goods have/had been being impo...

Possibility & Probability

#C1 #C2 #IELTS6.5_7.5 #Grammar {အဘိဓာန်တွေနဲ့ အပျင်းပြေ ကစားတဲ့သဘောပါ။ C1 & C2 သမားတွေအတွက် သိပ်ပြီး အရေးကြီးလှမယ်လို့တော့ မထင်ပါဘူး။} Complete CAE 2nd Edition ထဲက "Expressing possibility, probability and certainty" ဆိုတဲ့ သဒ္ဒါစည်းမျဉ်းကို ဘာသာပြန်ဖို့လုပ်တော့ အခက်အခဲပေးတာက အထက်က စကားလုံးနှစ်လုံး။ မြန်မာစာအဖွဲ့က ထုတ်တဲ့ အင်္ဂလိပ်-မြန်မာအဘိဓာန်ထဲမှာ - Possibility ကို "ဖြစ်နိုင်ခြေ၊ အလားအလာ၊ ဖြစ်ကောင်းဖြစ်မည့်အရာ၊ ဖြစ်နိုင်သည့်အရာ/ကိစ္စ"လို့ ပြန်ဆိုထားပါတယ်။ Probability ကိုတော့ "ဖြစ်နိုင်ခြေ၊ အလားအလာ"လို့ပဲ ပြန်ဆိုထားပါတယ်။ (ဝေါဟာရ နှစ်မျိုးလုံးရဲ့ တခြား ဖွင့်ဆိုချက်တွေက အခု ပြောနေတဲ့ အကြောင်းအရာနဲ့ သိပ် မဆက်စပ်လှပါဘူး။) ဒါနဲ့ ကွဲကွဲပြားပြား သိချင်လို့ Online English Dictionary Website တွေကို လေ့လာကြည့်ပါတယ်။ Definition တွေ အများကြီး ရှိပေမဲ့ ဒီနေရာနဲ့ ဆီလျော်တာတွေကိုပဲ တင်ပြထားပါတယ်။ Oxford Dictionary Website Possibility = 1. a thing may happen or be true; the fact that something might happen or be true, but is not certain Probability = 1. how likely s...

no, none, not

#Grammar #C1 #CAE #IELTS_6.5-7.5 - "Complete CAE" 2nd Edition no no က not any (တစ်ဦးတစ်ယောက်/တစ်စုံတစ်ခု, မ-)၊ not even one (တစ်ဦးတစ်ယောက်တောင်မှ/တစ်စုံတစ်ခုတောင်မှ၊ မ-) လို့ ဆိုလိုပါတယ်။ C-noun နဲ့ U-noun ၂ မျိုးလုံးနဲ့ သုံးနိုင်ပါတယ်။ I have no idea what you’re talking about. There were no cars on the road at that time of night. There’s no salt on the table. no ကို Comparative Adj/Adv တွေနဲ့ တွဲ သုံးနိုင်ပါတယ်၊ 'different’ ဆိုတဲ့ စကားလုံးနဲ့လည်း တွဲသုံးနိုင်ပါတယ်။ The traffic is no worse today than it was yesterday. I had to work late every evening last week, and so far this week has been no different. none (/nʌn/ လို့ အသံထွက်ပါတယ်။ တချို့က prefix တစ်လုံး ဖြစ်တဲ့ non- /nɒn/ နဲ့ အသံထွက် လွဲတတ်ကြပါတယ်။ တကယ်က ‘နန်း’နဲ့ ‘နွန်း’လို့ ပြောရမှာပါ။ မတူပါဘူး။) none ကတော့ not one / not any (တစ်ဦးတစ်ယောက်/တစ်စုံတစ်ခု၊ မ-) လို့ အဓိပ္ပာယ်ရတဲ့ pronoun ဖြစ်ပါတယ်။ များသောအားဖြင့် သူ့ရဲ့နောက်မှာ of + Plural-N/U-noun/Pronoun လိုက်ပါတယ်။ None of my friends know/knows it’s my birthday today...

Expressing purpose, reason and result (ရည်ရွယ်ချက်၊ အကြောင်းတရား၊ အကျိုးရလဒ်တို့ကို ဖော်ပြခြင်း)

 #Grammar #C1 #CAE #IELTS_6.5-7.5 - "Complete CAE" 2nd Edition   ဒီဟာတွေကတော့ ထူးထူးခြားခြား မဟုတ်လို့ ဘာသာ မပြန်တော့ပါဘူး။ အဆင်ပြေကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ အောက်မှာ ပြထားတဲ့ ဇယားက ကြည့်ရတာ အဆင်မပြေဘူး ထင်ပါတယ်။ အဲဒါကြောင့် ဟောဒီ photo link ကို နှိပ်ပြီး လေ့လာပေးပါ။ ငြိမ်းချမ်းပါစေ မြန်မာပြည် အေးချမ်းပါစေ ကမ္ဘာမြေ A batch 7th TESOLer Mandalay TESOL Centre Expresses Phrase(s) Followed by Position Example(s) Purpose so (that) a clause between clauses He always dresses smartly so (that) people will notice him. for the purpose of/ with the intention of verb + -ing after the main clause Teresa got up early with the intention of studying before going in to university. so as to / ...

Past Continuous

#Grammar #C1 #CAE #IELTS_6.5-7.5 #State_Verbs Past continuous tense ကို ဟောဒီအချက်တွေ ဖော်ပြဖို့ သုံးပါတယ်။ အတိတ်မှာ အရင်တုန်းက စတင်ခဲ့ပြီး (နောက်လာမဲ့) အဖြစ်အပျက် ဖြစ်ပျက်သည့်တိုင်အောင် ဆက်ဖြစ်တဲ့ လှုပ်ရှားမှုကို ဖော်ပြဖို့ She was driving home when the police stopped her. (The activity of driving was interrputed by the police’s action.) (ကားမောင်းခြင်းဆိုတဲ့ လှုပ်ရှားမှုကို ရပ်တန့်သွားအောင် ယာဉ်ထိန်းရဲက တား) အတိတ်မှာ အရင်တုန်းက စတင်ခဲ့ပြီး (နောက်လာမဲ့) အဖြစ်အပျက် ဖြစ်ပြီးတဲ့နောက် ဆက်ဖြစ်တဲ့ လှုပ်ရှားမှုကို ဖော်ပြဖို့ I was cooking lunch when I heard the news. (And I continued to cook lunch afterwards.) (ချက်ပြုတ်နေတုန်းမှာ သတင်းကြားတာ၊ သတင်းကြားပြီးတဲ့နောက်မှာလည်း ဆက်ပြီး ချက်ပြုတ်နေခဲ့) အတိတ်တုန်းက အချိန်တစ်ခုမှာ ခဏတာဖြစ်တဲ့ အခြေအနေကို ဖော်ပြဖို့ I remember that summer well. I was staying with my aunt at the time, while my parents were away. (အထက်တုန်းက ဖော်ပြချက်နဲ့ နမူနာကို) 'အတိတ်တုန်းက အခြေအနေက ထာဝရဖြစ်တဲ့အခါမှာ သုံးတဲ့ Past simple အသုံးအနှုန်းနဲ့' နှိုင်းယှဉ်ကြည့်ပါ။ I...

Verb forms to talk about the past

Past simple #Grammar #C1 #CAE #IELTS_6.5-7.5  C1 Level ရောက်ပြီဆိုရင် လေ့လာတဲ့ စာအုပ်မှန်သမျှကို English အတိုင်းပဲ ဖတ်တာ ကောင်းပါတယ်။ မြန်မာဘာသာပြန်က မလိုအပ်တော့ပါဘူး။ လိုအပ်လည်း မလိုအပ်သင့်တော့ပါဘူး။ တစ်ခါတလေမှာ ဘာသာပြန် အမှားအယွင်းတွေတောင် ပါနေနိုင်ပါသေးတယ်။ အခုဟာက ကိုယ့်ဘာသာ လေ့လာချင်လို့ ပြန်ဆိုပြီး တင်ပြပေးတာပါ။ Past simple tense ကို ဟောဒီအချက်တွေ ဖော်ပြဖို့ သုံးပါတယ်။ ၁။ အတိတ်တုန်းက တိကျတဲ့ အချိန်တစ်ချိန်မှာ လုပ်ခဲ့တဲ့ လုပ်ဆောင်ချက်၊ တည်ရှိခဲ့တဲ့ အခြေအနေကို ဖော်ပြဖို့ Yesterday I felt so tired that I didn’t go to work. ၂။ အတိတ်တုန်းက ကာလအပိုင်းအခြားတစ်ခုအဖြစ် ကြာရှည် တည်ရှိခဲ့တဲ့၊ အခုအခါမှာတော့ ပြီးဆုံးသွားပြီ ဖြစ်တဲ့ လုပ်ဆောင်ချက်ကို ဖော်ပြဖို့ I studied in Paris for four years from 2005 to 2009. ၃။ အတိတ်တုန်းက တိကျတဲ့ ကာလအပိုင်းအခြားတစ်ခုမှာ ပုံမှန်(အလေ့အထဖြစ်တဲ့) လုပ်ဆောင်ချက်ကို ဖော်ပြဖို့ While he was away, he rang his girlfriend every day. ၄။ တစ်ခုပြီးတစ်ခု ဖြစ်ပျက်တဲ့ လုပ်ဆောင်ချက်ကို ဖော်ပြဖို့ She opened the fridge, took out the milk, gave some to the cat and put so...

ကိုယ်နဲ့ သင့်တော်မဲ့ Coursebook ကို ဘယ်လို ရွေးမလဲ

#Coursebooks #Level (ပို့စ်တစ်ခုမှာ Comment ပေးထားခဲ့တဲ့စာကို ပြင်ဆင် တင်ပြတာပါ။) Course book တွေ အကုန်လုံးကို အတွေ့အကြုံ ရှိပြီးသား ဆရာ/မတွေက ရေးထားကြတာပါ။ အဲဒါကြောင့် အကုန်လုံး ကောင်းကြပါတယ်။ ဒါပေမဲ့ စာအုပ်တွေ ဝယ်တော့မယ်ဆိုရင် စဉ်းစားဖို့လိုတဲ့ အချက်တွေ ရှိပါတယ်။ အဲဒါတွေကတော့ ၁။ နယ်ပယ်ရွေးခြင်း ၂။ Level ရွေးခြင်း ၃။ အကြိုက်ရွေးခြင်း -လို့ ၃ ပိုင်း ရှိပါတယ်။ ၁။ နယ်ပယ် ရွေးခြင်း   ကိုယ်က IELTS/TOEFL/TOEIC/Cambridge Exam စတဲ့ Exam Format တွေအတိုင်း လေ့လာချင်တာလား။ ဒါမှမဟုတ် သာမန် General English ကိုပဲ မြှင့်ချင်တာလား၊ ဒါမှမဟုတ် TOEIC/Business English လိုင်းကို သွားချင်တာလား - အစရှိတဲ့ နယ်ပယ်တွေထဲက ကိုယ်သွားချင်တဲ့ နယ်ပယ်ကို အရင်ဆုံး ရွေးချယ်ရမှာပါ။ တစ်ခုခု ရွေးချယ်ပြီးပြီဆိုရင် ဒီနယ်ပယ်က စာအုပ်တွေကို ဦးစားပေးပြီး ရွေးရမှာပါ။ ကိုယ်သွားချင်တာက Business English, ဒါပေမဲ့ ရွေးလိုက်မိတဲ့ စာအုပ်က EAP (English for Academic Purpose) ဆိုရင် ခုတ်ရာတခြား ရှရာတလွဲ ဖြစ်မှာပါ။ ၂။ Level ရွေးခြင်း - (က) ကိုယ်က တိုးတက်ချင်တာ ဖြစ်တဲ့အတွက် ကိုယ့် Level ထက် နည်းနည်းလေး ပိုမြင့်တဲ့ စာအုပ်ကို ဝယ်ဖို့၊ လေ့...

The Intermediate Plateau

#improve #B1 B2 #pre_inter #inter #upper_inter #post_inter #IELTS #Skills 'Plateau' ဆိုတဲ့ စကားလုံးမှာ ဖွင့်ဆိုချက် ၂ မျိုး ရှိပါတယ်။ တစ်ခုက 'ကုန်းပြင်မြင့်'ကို ခေါ်တာပါ။ အမှန်က  သူ့ဘေးက ကုန်းမြေတွေထက် မြင့်တဲ့ နေရာကို ခေါ်လိုက်တာပါ။ တကယ်ကျတော့ သူ့ထက် မြင့်တဲ့ နေရာတွေက ရှိနေပါသေးတယ်။ ဒုတိယဖွင့်ဆိုချက်က အဲဒီ ပထမဖွင့်ဆိုချက်ကို အခြေပြုပြီး သုံးစွဲလာကြဟန် တူပါတယ်။ အဲဒါက 'တိုးတက်မှု နည်းနည်းလေးပဲ ရှိတဲ့အချိန်၊ တိုးတက်မှုတွေ ရပ်တန့်သွားတဲ့ အချိန်'လို့ ဆိုပါတယ်။ တဖြည်းဖြည်းချင်း တိုးတက်လာနေတာကနေ အဲဒီအချိန်လည်းရောက်ရော တိုးတက်မှုက ရပ်တန့်သွားရော-လို့ ပြောချင်တာပါ။ အဘိဓာန်တွေမှာဆိုရင် ပုံလေးနဲ့ ပြထားတာ ရှိပါတယ်။ ရှာဖွေ ကြည့်လိုက်ရင် ပို သဘောပေါက်လွယ်မှာပါ။ Intermediate Plateau ဆိုတာ ပညာရပ်တစ်ခု သင်တဲ့နေရာမှာ တိုးတက်မှု ရှိတယ်လို့ မထင်ရဘဲ ရပ်တန့်သွားသလို ဖြစ်တဲ့ကာလကို ဆိုလိုတာပါ။ ဘာသာစကားတစ်ခု သင်တဲ့အခါ အစောပိုင်း အချိန်တွေမှာ တိုးတက်မှုက မြင့်မား ပါသတဲ့။ နောက်ပိုင်း အဆင့်တစ်ခုကို ရောက်မှ တိုးတက်မှု နှေးသွားလေ့ ရှိပါသတဲ့။ ကိုယ်တို့ မဟာတန်းရောက်တော့ ကိုယ့်ရဲ့ အင်္ဂလိပ်စာ...

Writing လေ့ကျင့်တဲ့နည်း ၃ နည်း

#Writing #Improve #IELTS #Skills ၁။ လူတော်နည်း ၂။ လူပျော်နည်း ၃။ လူပျင်းနည်း -ဆိုပြီး ကိုယ့်စိတ်ကူးနဲ့ကိုယ် ၃ နည်း ခွဲထားပါတယ်။ ဘယ်သူမှ သတ်မှတ်ပေးတာ မဟုတ်ပါဘူး။ ကိုယ်ကိုယ်တိုင် သုံးဖူးတဲ့ နည်းတွေပါ။ ၁။ လူတော်နည်း ဒါကတော့ ကိုယ်ဖြေမဲ့ စာမေးပွဲရဲ့ အချိန်သတ်မှတ်ချက်အတိုင်း ဖြေဆိုကြည့်ပြီး ပြင်ဆင်တဲ့ နည်းပါ။ ၂ ပိုင်း ပါတယ်လို့ ပြောရပါမယ်။ နမူနာ ပြောရရင် IELTS Writing Task 2 ဟာ အချိန်အားဖြင့် မိနစ် ၄၀ စာ သတ်မှတ်ပါတယ်။ ဒီတော့  IELTS Writing Task 2 ကို လေ့ကျင့်တဲ့အခါ မိနစ် ၄၀ အတိအကျ သတ်မှတ်ထားပြီး အဲဒီအချိန်အတွင်း အပြီးအပြတ် ဖြေဆိုတာပါ။ အချိန်ပို မယူပါဘူး။ အဘိဓာန် မသုံးပါဘူး။ ကြားဖြတ် နားနေတာမျိုး မလုပ်ပါဘူး။ ဒီနည်းလမ်းကို စာမေးပွဲ  ဖြေကာနီးသူတွေ လေ့ကျင့်ကြပါတယ်။ Exam Timeframe အတိုင်း ဖြေနိုင်အောင် ကြိုးစားကြတာပါ။ ဖြေဆိုပြီးတဲ့အခါ တကယ် လေ့ကျင့်ကြသူတွေမှာတော့ ဆရာတွေက စစ်ဆေးပေးပြီး ကိုယ်ရနိုင်လောက်တဲ့ အမှတ်ကို ပြောပြပေးပါတယ်။ ဒါတင်မက ပြင်ဆင်ချက်၊ ဖြည့်စွက်ချက် လိုအပ်တာတွေကိုလည်း ပြောပြပေးပါတယ်။ ဒါမှမဟုတ် စစ်ပေးမဲ့ ဆရာ/ကိုယ့်ထက်တော်သူ မရှိဘူးဆိုရင်တော့ ကိုယ့်ဘာသာ ပြန်စစ်ပြီး ကိုယ်တိုင်ပ...