Skip to main content

Posts

Showing posts with the label TeacherTraining

ကိုယ့်ဘဝနဲ့ ကိုယ်

#ELT #CPD #CELTA #TeacherTraining (" ငြိမ်းချမ်းပါစေ မြန်မာပြည် ") ဟိုတစ်နေ့က ရေမွန်ဆိုလား ကွယ်လွန်တဲ့အကြောင်း ကြားရတော့ ဘာဘာညာညာ မသိဘဲ Like & Sad တွေ နှိပ်လိုက်ရတယ်။ နောက်မှ အကျိုးအကြောင်းလေးတွေ လိုက်ဖတ်ဖြစ်တယ်။ ကိုယ်သိတာက ရေမွန်မာဖီ(Raymond Murphy) တစ်ယောက်တည်းရယ်။ ဟိုတစ်ခါတုန်းကလည်း ကံသစ်ရွာက ကလေးတွေနဲ့ တွေ့တော့ ရွှေမင်းသမီး-ဆိုလား ပြောတာ ကြားရတယ်။ အဲဒါ ဘာလဲဟ-လို့ မေးတော့ မင်းသမီး-လေတဲ့။ အော် ဟုတ်လား-လို့ ကိုယ်က ပြန်မေးရတဲ့အဖြစ်။ ကိုယ့်ကိစ္စနဲ့ကိုယ်-ဆိုတာက ကြွားဖို့ စာအုပ်တွေ စုဖြစ်တဲ့အကြောင်းပါ။ စာအုပ်ထဲက အသိတရားတွေက ဦးနှောက်ထဲ ရောက်/မရောက် မသေချာပါဘူး။ ဒါတင်မက အပြောတွေ၊ အရေးတွေနဲ့ ထုတ်ကြွားနိုင်မလားဆိုတာလည်း မသေချာပါဘူး။ အဲ... စာအုပ်တွေကတော့ ဝယ်ထားပြီး/ပရင့်ထုတ်ထားပြီးရင် စာအုပ်စင်မှာ အခန့်သား ကြွားလို့ရတာကိုး။ ဟုတ်တာ မဟုတ်တာ အပထား၊ လူ ရှိန်တာပေါ့ နော။ ကဲ ထားပါတော့။ လက်တလော ပျင်းပျင်းရှိတာနဲ့ မျှော်မော ငေးနေရတဲ့ CELTA အကြောင်း လိုက်ဖတ်တော့ ဖတ်သင့်တဲ့ စာအုပ်တွေဆိုပြီး ညွှန်းထားတာတွေ တွေ့ရပါတယ်။ တချို့စာအုပ်တွေက ကိုယ့်ဆီမှာ နဂိုကတည်းက ပရင့်ထုတ်ပြီးသား၊ ရှိပြီးသားတွေ။ စ...

EMI: English as a Medium of Instruction for Academics

#EMI #CPD #TeacherTraining " ငြိမ်းချမ်းပါစေ မြန်မာပြည် "လို့ အရင်ဆုံး ဆုတောင်းပါတယ်။ ဗုဒ္ဓဘာသာ အခမ်းအနားတွေ စတဲ့အခါ 'နမော တဿ'နဲ့ အစချီလေ့ရှိသလို Feb 1 နောက်ပိုင်းကတည်းက "ငြိမ်းချမ်းပါစေ မြန်မာပြည်"လို့ ဆုတောင်းရတာလည်း အခါခါ။ " ဆု မတောင်းလင့်၊ အမှောင်ထုက လင်းလာလိမ့်မည် မဟုတ် "ဆိုတဲ့ The Light of Asia ဘာသာပြန်ကလည်း ဦးနှောက်ကို တဆွဆွ။  ဒီအချိန်မှာ ဘာစာမှ မရေးဖို့ ဆုံးဖြတ်ထားပေမဲ့ ကိုယ်တစ်ယောက်တည်း ပျင်းလာတော့လည်း မနေနိုင်တော့လို့ပါ။ ကဲ၊ ထားပါတော့။ ငြိမ်းချမ်းပါစေ မြန်မာပြည်။ EMI အကြောင်းကို လွန်ခဲ့တဲ့ ၂၀၁၈/၂၀၁၉ လောက်တုန်းက စ ကြားဖူးတာပါ။ ဘာသာရပ်ကိုတွေကို English Medium နဲ့ သင်တဲ့အကြောင်း။ (Content + Language နှစ်မျိုးလုံး သင်ပေးတဲ့ CLIL ကို ပြောတာ မဟုတ်ပါဘူး။) ကိုယ်တို့ဆီမှာ Buddhist Studies ပိုင်းတွေကို သင်ပေးတာတွေ ရှိနေတာမို့ အကျိုးအကြောင်း သိရအောင် အင်တာနက်ပေါ် ရှာကြည့်မိတော့ Cambridge က ပို့ချတာတစ်ခုလောက်ပဲ သိသိသာသာ တွေ့ရပါတယ်။ တခြားနေရာတွေမှာ ပို့ချပေးတာ မတွေ့ရပါဘူး။ ကိုယ် မနှံ့စပ်တာလည်း ဖြစ်နိုင်ပါတယ်။ ဒါတောင်မှ ပညာရေးအဖွဲ့အစည်းတစ်ခုက တောင်းဆို...