Skip to main content

Posts

Showing posts with the label Vocabulary

Receptive skill to Productive skill

ဟိုနေ့ကပဲ Youtube မှာ ရှာဖွေကြည့်ရင်း စပိန်?က ဆရာမတစ်ယောက်ရဲ့ Lexical resource ဆိုင်ရာ အကြံပြုချက်တစ်ခုကို ကြည့်လိုက်ရပါတယ်။ ကြည့်တာတွေ များသွားတာကြောင့် Link ကို တိတိကျကျ မညွှန်းတော့ပါဘူး။ သူပြောတာတွေက တခြားဆရာ/မတွေ ပြောတာနဲ့ သဘောတရား ခပ်ဆင်ဆင်ပါပဲ။ သူက အခု ပြထားတဲ့ ပုံမျိုးနဲ့ ပြောသွားတာပါ။ ကျောင်းသူ/သား အတော်များများမှာ ရှိနေတဲ့ Lexical resource ပမာဏက စက်ဝိုင်းအကြီးလောက် ရှိပါသတဲ့။ အဲဒါက Receptive skill အနေနဲ့ ရှိနေတဲ့ ပမာဏကို ပြောတာပါ။ Listening & reading လုပ်တဲ့အခါ/ ကြားလိုက်ရင်၊ မြင်လိုက်ရင် သိနိုင်တဲ့ ပမာဏပါ။ ခက်တာက အဲဒါတွေ အကုန်လုံးကို Productive skill အနေနဲ့ ထုတ်သုံးလို့ မရတဲ့ ပြဿနာပါတဲ့။ Productive skill အနေနဲ့ သုံးနိုင်တဲ့ ပမာဏကတော့ အတွင်းက စက်ဝိုင်း အငယ်လောက်ပဲ ရှိပါသတဲ့။ Speaking & writing လုပ်ရင် သုံးနိုင်တဲ့ ပမာဏက အတော်လေး နည်းတဲ့ သဘောပါ။ ဒီတော့ Lexical resource ပိုင်းမှာ ရမှတ် နည်းသွားကြတာပါတဲ့။ ဒီတော့ Lexical resource ပိုင်းမှာ အမှတ်ကောင်းကောင်း ရချင်တဲ့ ကျောင်းသူ/သားတွေက တစ်နည်းတစ်ဖုံ ကြိုးစားကြပါသတဲ့။ သူတို့ ကြိုးစားပုံကတော့ "ငါတို့ရဲ့ Lexical resource က...

IELTS အဖြေ ထွက်ပြီးတဲ့နောက် ပြန်လည် ဆင်ခြင်ကြည့်ခြင်း

2022-5-28 ရက်နေ့က ဖြေခဲ့တာပါ။ 2022-06-10 ရက်နေ့မှာ Result ကို Website ကနေ သိရပါတယ်။ 2022-06-22 ရက်နေ့မှပဲ IELTS TRF (Test Report Form) ကို ရပါတယ်။ ရလဒ်ကတော့ ပုံထဲမှာ မြင်တဲ့အတိုင်းပါပဲ။  Listening 6.5 Reading 6.5 Writing 6.0 Speaking 5.5 Overall 6.0   ရလဒ် ထွက်ပြီးတဲ့နောက် ကိုယ် ဖြေခဲ့တဲ့အပိုင်းတွေကို အခုလို ပြန် တွေးတော ဆင်ခြင်မိပါတယ်။ နောက်ထပ် ဖြေစရာရှိရင် ရှောင်စရာရှိတာ ရှောင်နိုင်ဖို့ပါ။ ဖြေရှင်းနည်းကတော့ ရှင်းရှင်းလေးပါပဲ။ အားနည်းတဲ့ အပိုင်းတွေ ရှာ၊ ဖြည့်ဆည်းဖို့။ အမှတ် ရတာ နည်းလွန်းတဲ့ မေးခွန်းတွေ ရှာ၊ နည်းလမ်း ရှာဖို့ပါ။    Listening 6.5 အပေါ်ဆုံး စစချင်းမှာပဲ Listening 6.5 ကို မြင်လိုက်ကတည်းက အတော်လေး စိတ် ပျက်မိသွားတာ အမှန်ပါ။ အရင် ပို့စ်မှာ ရေးခဲ့သလို အတော်လေး ဖြေနိုင်ခဲ့တယ်လို့ ထင်ထားခဲ့တာပါ။ ဒီတော့ အနည်းဆုံး 7.0 အောက်တော့ မရောက်လောက်ဘူးလို့ မျှော်လင့်ခဲ့မိပါတယ်။ ဒါပေမဲ့ မြင်တဲ့အတိုင်းပါပဲ။ ကြည့်ရတာတော့ မှန်မယ်လို့ ထင်ခဲ့တာတွေက မှားသွားတာပဲ ဖြစ်မှာပေါ့လေ။ အထူးသဖြင့် Part 3 ရဲ့ MCQ တွေက အတော်လေး ဒုက္ခပေးနိုင်တယ်လို့ ထင်မိပါတယ်။    Reading 6.5 ဒါကတ...

Culture shock: "I wasn't prepared for the culture shock of being an international student"

#B1 #Reading #B1_Reading #Reading_B1 #Vocabulary #Guardian #Authentic Culture shock အကြောင်း စိတ်ဝင်စားရင် ဒီဆောင်းပါးထဲမှာ မှတ်သားစရာလေးတွေ အတော်များများ ပါပါတယ်။ အရင်ဆုံး Vocabulary လေးတွေ လေ့လာထားရင် စာဖတ်တဲ့အခါ ပိုပြီး အဆင်ပြေမှာပါ။ (catch/throw sb) off balance (idm) = to make sb surprised and no longer calm The senator was clearly caught off balance by the unexpected question. She was caught off balance by some awkward questions. The question threw him off balance for a moment. to sb's amusement = in a way that makes sb laugh or smile To my amusement he couldn't get the door open. To our great amusement, the dog ran off with one of Dad's slippers. Much to everyone's amusement, someone hid his clothes while he was swimming. He got up and sang 'Yellow Submarine', much to everyone's amusement. They were dancing and singing in the car, much to the amusement of passers-by. The cats are a constant source of amusement to us. figure sb/sth <> out = to thi...

စာအုပ်အညွှန်း ၂

  #B2 #B2+ #C1 #C1+ #C2 #C2+ #IELTS #Reading #Vocabulary #Authentic #Improve #Lexis #Habits English စာ တိုးတက်ဖို့အတွက် Authentic Material တွေကိုလည်း ဖတ်ဖို့ လိုအပ်တဲ့အကြောင်း " စာအုပ်အညွှန်း ၁ "တုန်းက ရေးခဲ့ပါသေးတယ်။ Coursebook လောက်နဲ့ပဲ ကျေနပ်နေရင် စုံလင်မှာ မဟုတ်လို့ပါ။ ဒါနဲ့ ပတ်သက်ပြီး တွေ့ခဲ့ဖူးတဲ့ ပန်းချီသင်တန်း ကာတွန်းလေးတစ်ခုအကြောင်း ပြောပါဦးမယ်။ ကာတွန်းရဲ့ ပထမကွက်မှာ အဝိုင်းကို ဘယ်လိုရေးရတယ်လို့ ပြထားပါတယ်။ ဒုတိယအကွက်ကျတော့ လေးထောင့်တွေကို ဘယ်လို ဆွဲပါပေါ့။ အဲဒီလိုနဲ့ ရိုးရှင်းတဲ့ နည်းစနစ်လေးတွေ ပြသွားလိုက်တာ ဟုတ်နေတာပဲ။ "လွယ်သားပဲဟ"လို့ စိတ်ထဲ ထင်မိတာပေါ့။ ဒီလိုနဲ့ နောက်ဆုံးတော့ လက်တွေ့လေ့ကျင့်ခန်း လုပ်ရမဲ့အလှည့် ရောက်လာပါတယ်။ အဲဒီမှာကျတော့ မိုနာလီဇာပန်းချီကားကို ပြထားပြီး "ပုံတူ ဆွဲပါ"တဲ့။ ကဲ။ ;-( ;-( အဲဒီလိုပါပဲ။ Coursebook တွေလောက်နဲ့ ပြည့်စုံပြီ ထင်ရင်တော့ နောက်ဆုံးမှာ မိုနာလီဇာပုံကို ပုံတူ ဆွဲပြပါဆိုတဲ့ အဖြစ်မျိုးနဲ့ အဆုံးသတ်ရကောင်း သတ်သွားနိုင်ပါတယ်။ ဒါ့ကြောင့် Authentic Material တွေကို တတ်နိုင်သလောက် များများ ဖတ်ထားလေ၊ (နားထောင်ထားလေ) ကော...

How the Other Half Lives

https://www.lexicallab.com/2021/05/how-the-other-half-lives/ Lexical လို့ အသံကြားလိုက်တာနဲ့ Michael Lewis ကို ပြေးမြင်မိကြဖို့ များပါတယ်။ ဒီ Website ဟာ Lexical Approach ကို မူတည်ထားပြီး ELT ကိစ္စတွေ လုပ်ဆောင်နေတာ တွေ့ရပါတယ်။ Innovation, Outcome အစရှိတဲ့ Coursebook တွေလည်း ထုတ်ပါသေးတယ်။ ELT Teacher တွေအတွက် Online Course တွေလည်း ရှိပါတယ်။ သင်တန်းကြေးတွေကတော့ တစ်နာရီ ဘလာဘလာဘလာ။ ;-) အခုလို ဆောင်းပါးတွေကိုလည်း အလျဉ်းသင့်တိုင်း တင်ပေးထားပါတယ်။ B2+ လို့ ဆိုပေမဲ့ ဖတ်ရတာ နည်းနည်း ခက်ခဲသလို ထင်မိပါတယ်။ ကိုယ်တိုင်ပဲ ခံစားကြည့်ပါ။ #B2+ #IELTS #Reading #Lexicallab #LexicalApproach #Vocabulary 1A. how the other half lives = the way that people who are much richer or poorer than you spend their lives; (humorous) sth people say when they see or hear about the lives of people who are richer than them; the way of life of a different social group, especially one much richer than you 1B. bucket down (v) (UK, informal) to rain heavily It's bucketing down. It's absolutely bucketing down. It's b...

စာအုပ်အညွှန်း ၁

#B2 #B2+ #C1 #C1+ #C2 #C2+ #IELTS #Reading #Vocabulary #Authentic #Improve #Kaizen အင်္ဂလိပ်စာ တိုးတက်ဖို့ ကြိုးစားတဲ့အခါ Authentic Material တွေ ဖတ်ဖို့ လိုအပ်တယ်ဆိုတာ သိကြပြီးသားပါ။ Course Book တွေလောက်နဲ့ ကျေနပ်နေလို့ မရပါဘူး။ Course Book တွေဟာ အကြောင်းအရာ (Topic, Vocab, Grammar & Usage) တွေကို အတော်အသင့် စုံလင်အောင်ပဲ ပြပေးနိုင်ပါတယ်။ ပြည့်စုံအောင် ပြမပေးနိုင်ပါဘူး။ ပြည့်စုံဖို့အတွက် Course Book လောကမှာတင် ဝဲလည်မနေဘဲ Authentic Material လောကထဲကိုပါ တိုးဝင်ရမှာပါ။ အခု ညွှန်းချင်တာက အင်္ဂလိပ်စာအတွက်လည်း အဆင်ပြေ၊ ဘဝအတွက်လည်း အသိဉာဏ် ရစေတဲ့ စာအုပ်တစ်အုပ်အကြောင်းပါ။ အဲဒါက - Robert Maurer Ph.D. ရဲ့ One Small Step Can Change Your Life - The Kaizen Way ဖြစ်ပါတယ်။ လူအတော်များများ Kaizen ဆိုတဲ့ ဂျပန်ဝေါဟာရကို ကြားဖူးကြပါလိမ့်မယ်။ ဒီနည်းလမ်းရဲ့ မူရင်းက ဂျပန် မဟုတ်ပေမဲ့ ဒီနည်းကို အသုံးချတဲ့ နေရာမှာ နာမည်ကြီးတဲ့ Toyota ကုမ္ပဏီတို့ကြောင့် ဂျပန်ဝေါဟာရက လူသိများလာတာ ဖြစ်လောက်ပါတယ်?။ ထားပါတော့။ အကြောင်းအရာကလည်း အထူးအဆန်း မဟုတ်ပါဘူး။ စာအုပ်နာမည်အတိုင်းပါပဲ။ တစ်နေ့တစ်နေ့ နည်းနည်းနည်းနည်းချင်း လုပ်...