Past simple
#Grammar #C1 #CAE #IELTS_6.5-7.5
C1 Level ရောက်ပြီဆိုရင် လေ့လာတဲ့ စာအုပ်မှန်သမျှကို English အတိုင်းပဲ ဖတ်တာ ကောင်းပါတယ်။ မြန်မာဘာသာပြန်က မလိုအပ်တော့ပါဘူး။ လိုအပ်လည်း မလိုအပ်သင့်တော့ပါဘူး။ တစ်ခါတလေမှာ ဘာသာပြန် အမှားအယွင်းတွေတောင် ပါနေနိုင်ပါသေးတယ်။ အခုဟာက ကိုယ့်ဘာသာ လေ့လာချင်လို့ ပြန်ဆိုပြီး တင်ပြပေးတာပါ။
Past simple tense ကို ဟောဒီအချက်တွေ ဖော်ပြဖို့ သုံးပါတယ်။
၁။ အတိတ်တုန်းက တိကျတဲ့ အချိန်တစ်ချိန်မှာ လုပ်ခဲ့တဲ့ လုပ်ဆောင်ချက်၊ တည်ရှိခဲ့တဲ့ အခြေအနေကို ဖော်ပြဖို့
Yesterday I felt so tired that I didn’t go to work.
၂။ အတိတ်တုန်းက ကာလအပိုင်းအခြားတစ်ခုအဖြစ် ကြာရှည် တည်ရှိခဲ့တဲ့၊ အခုအခါမှာတော့ ပြီးဆုံးသွားပြီ ဖြစ်တဲ့ လုပ်ဆောင်ချက်ကို ဖော်ပြဖို့
I studied in Paris for four years from 2005 to 2009.
၃။ အတိတ်တုန်းက တိကျတဲ့ ကာလအပိုင်းအခြားတစ်ခုမှာ ပုံမှန်(အလေ့အထဖြစ်တဲ့) လုပ်ဆောင်ချက်ကို ဖော်ပြဖို့
While he was away, he rang his girlfriend every day.
၄။ တစ်ခုပြီးတစ်ခု ဖြစ်ပျက်တဲ့ လုပ်ဆောင်ချက်ကို ဖော်ပြဖို့
She opened the fridge, took out the milk, gave some to the cat and put some into her coffee.
မူရင်းက Complete CAE 2nd Edition ထဲကပါ။ ဘာသာပြန်တာတွေ မရှင်းရင် မူရင်းကို ဖတ်ပါ။
ငြိမ်းချမ်းပါစေ မြန်မာပြည်
အေးချမ်းပါစေ ကမ္ဘာမြေ
A batch 7th TESOLer
Mandalay TESOL Centre
2021-07-13
Comments
Post a Comment