Skip to main content

Posts

Showing posts with the label Kaizen

စာအုပ်အညွှန်း ၁

#B2 #B2+ #C1 #C1+ #C2 #C2+ #IELTS #Reading #Vocabulary #Authentic #Improve #Kaizen အင်္ဂလိပ်စာ တိုးတက်ဖို့ ကြိုးစားတဲ့အခါ Authentic Material တွေ ဖတ်ဖို့ လိုအပ်တယ်ဆိုတာ သိကြပြီးသားပါ။ Course Book တွေလောက်နဲ့ ကျေနပ်နေလို့ မရပါဘူး။ Course Book တွေဟာ အကြောင်းအရာ (Topic, Vocab, Grammar & Usage) တွေကို အတော်အသင့် စုံလင်အောင်ပဲ ပြပေးနိုင်ပါတယ်။ ပြည့်စုံအောင် ပြမပေးနိုင်ပါဘူး။ ပြည့်စုံဖို့အတွက် Course Book လောကမှာတင် ဝဲလည်မနေဘဲ Authentic Material လောကထဲကိုပါ တိုးဝင်ရမှာပါ။ အခု ညွှန်းချင်တာက အင်္ဂလိပ်စာအတွက်လည်း အဆင်ပြေ၊ ဘဝအတွက်လည်း အသိဉာဏ် ရစေတဲ့ စာအုပ်တစ်အုပ်အကြောင်းပါ။ အဲဒါက - Robert Maurer Ph.D. ရဲ့ One Small Step Can Change Your Life - The Kaizen Way ဖြစ်ပါတယ်။ လူအတော်များများ Kaizen ဆိုတဲ့ ဂျပန်ဝေါဟာရကို ကြားဖူးကြပါလိမ့်မယ်။ ဒီနည်းလမ်းရဲ့ မူရင်းက ဂျပန် မဟုတ်ပေမဲ့ ဒီနည်းကို အသုံးချတဲ့ နေရာမှာ နာမည်ကြီးတဲ့ Toyota ကုမ္ပဏီတို့ကြောင့် ဂျပန်ဝေါဟာရက လူသိများလာတာ ဖြစ်လောက်ပါတယ်?။ ထားပါတော့။ အကြောင်းအရာကလည်း အထူးအဆန်း မဟုတ်ပါဘူး။ စာအုပ်နာမည်အတိုင်းပါပဲ။ တစ်နေ့တစ်နေ့ နည်းနည်းနည်းနည်းချင်း လုပ်...