Skip to main content

Past Continuous

#Grammar #C1 #CAE #IELTS_6.5-7.5 #State_Verbs

Past continuous tense ကို ဟောဒီအချက်တွေ ဖော်ပြဖို့ သုံးပါတယ်။

အတိတ်မှာ အရင်တုန်းက စတင်ခဲ့ပြီး (နောက်လာမဲ့) အဖြစ်အပျက် ဖြစ်ပျက်သည့်တိုင်အောင် ဆက်ဖြစ်တဲ့ လှုပ်ရှားမှုကို ဖော်ပြဖို့
She was driving home when the police stopped her. (The activity of driving was interrputed by the police’s action.) (ကားမောင်းခြင်းဆိုတဲ့ လှုပ်ရှားမှုကို ရပ်တန့်သွားအောင် ယာဉ်ထိန်းရဲက တား)

အတိတ်မှာ အရင်တုန်းက စတင်ခဲ့ပြီး (နောက်လာမဲ့) အဖြစ်အပျက် ဖြစ်ပြီးတဲ့နောက် ဆက်ဖြစ်တဲ့ လှုပ်ရှားမှုကို ဖော်ပြဖို့
I was cooking lunch when I heard the news. (And I continued to cook lunch afterwards.) (ချက်ပြုတ်နေတုန်းမှာ သတင်းကြားတာ၊ သတင်းကြားပြီးတဲ့နောက်မှာလည်း ဆက်ပြီး ချက်ပြုတ်နေခဲ့)

အတိတ်တုန်းက အချိန်တစ်ခုမှာ ခဏတာဖြစ်တဲ့ အခြေအနေကို ဖော်ပြဖို့
I remember that summer well. I was staying with my aunt at the time, while my parents were away.

(အထက်တုန်းက ဖော်ပြချက်နဲ့ နမူနာကို) 'အတိတ်တုန်းက အခြေအနေက ထာဝရဖြစ်တဲ့အခါမှာ သုံးတဲ့ Past simple အသုံးအနှုန်းနဲ့' နှိုင်းယှဉ်ကြည့်ပါ။
I lived in Rome when I was a child. (not I was living)

များသောအားဖြင့် - အပျော်အပြက်သဘော၊ သည်းမခံနိုင်တဲ့သဘောတွေကို ဖော်ပြဖို့အတွက် always ဒါမှမဟုတ် forever ဆိုတဲ့ ဝေါဟာရနဲ့ တွဲပြီး မကြာခဏ ဖြစ်ပျက်တဲ့ အရာတွေကို ဖော်ပြဖို့
My dad was already dressing up in funny hats.
We got fed up with Jill, who was forever complaining.


State verbs (အခြေအနေပြ ကြိယာများ)

State verb တွေကို များသောအားဖြင့် Continuous တွေမှာ မသုံးပါဘူး။ Continuous ဆိုရင် tense အကုန်လုံးမှာ မသုံးတာပါ (be+V4 & have+been+V4)။ အတွေ့များတဲ့ State verb တွေက ဟောဒါတွေပါ။

အယူအဆအတွေးအခေါ်၊ ခံစားချက်၊ အသိပညာတို့ကို ဖော်ပြတဲ့ ကြိယာတွေ
e.g. agree, believe, believe, disagree, hate, know, like, love, need, prefer, realise, regret, understand

ပုံပန်းသွင်ပြင်ကို ဖော်ပြတဲ့ ကြိယာတွေ
e.g. appear, look, seem, resemble

အာရုံတွေကို ဖော်ပြတဲ့ ကြိယာတွေ
e.g. smell, taste

အထက်က စာရင်းတွေထဲ ထည့်ဖို့ မလွယ်တဲ့ ဟောဒီ ကြိယာတွေ
belong, consist, contain, cost, own

မူရင်းက Complete CAE 2nd Edition ထဲကပါ။ ဘာသာပြန်တာတွေ မရှင်းရင် မူရင်းကို ဖတ်ပါ။

ငြိမ်းချမ်းပါစေ မြန်မာပြည်
အေးချမ်းပါစေ ကမ္ဘာမြေ
A batch 7th TESOLer
Mandalay TESOL Centre

2021-07-14

Comments

Popular posts from this blog

US Jobless Rate Rises While Job Growth Slows (Business)

By VOA News https://www.voanews.com/usa/us-jobless-rate-rises-while-job-growth-slows #C2+ #IELTS #Reading #VOA #Business 1. Nonfarm (adj) relating to economic activities not associated with farming 2. Payroll (n) (A) a list of people employed by a company showing the amount of money to be paid to each of them We have 500 people on the payroll. Manufacturing payrolls have dropped by 16,000. (B) (usually singular) the total amount paid in wages by a company The firm is growing fast with a montly payroll of $1 million. They have an annual payroll of #23 million. 3. Modest (adj) not very large, expensive, important, etc. modest improvement/reforms He charged a relatively modest fee. a modest little house The research was carried out on a modest scale. The party made modest gains in teh elections, but nothing like the huge gains that were predicted. a modest increase in costs She had saved a modest amount of money. 4. Revise (v) to change sth because of new information or ideas The college ...

ကိုယ့်ရဲ့ English Level ကို ဘယ်လို စစ်ကြည့်မလဲ

#Level #Test #Study #IELTS #A1 #A1+ #A2 #A2+ #B1 #B1+ #B2 #B2+ #C1 #C1+ #C2 #C2+ IELTS/TOEFL/TOEIC/Cambridge Exam/PTE တွေ ဖြေဖို့ ပြင်ဆင်တဲ့အခါ ကိုယ့် Level လောက် မမြင့်တဲ့ စာအုပ်တွေနဲ့ လေ့ကျင့်နေရင် သိပ်ပြီး ထူးခြားလာမှာ မဟုတ်ပါဘူး။ အမြင့်ကို ရောက်ချင်ရင် အထက်ကို တက်ရမှာပါ။ ဆိုတော့ အမှန်က ကိုယ့် Level နဲ့ ကိုက်ညီတဲ့၊ ကိုယ့် Level ထက် တစ်ဆင့်ပဲ ပိုမြင့်တဲ့ (ဥပမာ- ကိုယ်က B1 ဆိုရင် B1+ ဒါမှမဟုတ် B2) စာအုပ်တွေနဲ့ လေ့ကျင့်ဖို့ အတော်လေး အရေးကြီးပါတယ်။ ဒါမှပဲ ကိုယ့်အရည်အသွေးက အဆင့် မြင့်လာမှာပါ။ ဒါကို သတိတရ ပြောရတာကတော့ တစ်ခါတုန်းက ဆရာမတစ်ဦးနဲ့ ကြုံဖူးပါတယ်။ သူ့ဆီက အကူအညီတောင်းစရာရှိလို့ စကားစပ်မိကြရင်း သူက သူ့ဆီမှာ ရှိတဲ့ IELTS စာအုပ်တွေကို ကိုယ်အသုံးကျရင် ယူဖို့ ပြောပါတယ်။ အဲဒီအချိန် သူရောကိုယ်ရော B1+ ဒါမှမဟုတ် B2 ထဲ ရောက်နေပါပြီ။ (အခုလည်း B2+ လောက်တော့ ရှိကောင်းပါသေးရဲ့။) ဒါပေမဲ့ သူ ပြတဲ့ စာအုပ်တွေက A2+ / B1 လောက်ပဲ ရှိနေပါတယ်။ သူက ဒါကို သတိမပြုမိပါဘူး။ ကိုယ်ပြောမှ သူလည်း သတိထားမိသွားတာပါ။ ကိုယ် မပြောမိရင် သူ့ခမျာ လွယ်တဲ့ စာအုပ်တွေနဲ့ပဲ "ငါ တယ်တော်နေပါလား"လို့ ထင်နေရှာမှာပါ။ ကဲ ...

ဘာသာစကားတစ်ခုကို သင်တဲ့အခါ ခြွင်းချက်ထားလို့ မရ။ အကုန် သင်ရမယ်။

TOEFL/IELTS/Cambridge Exams/PTE အစရှိတဲ့ ဘာသာစကား စာမေးပွဲတွေ ဖြေခဲ့သူတွေနဲ့ စကားပြောတဲ့အခါတိုင်း အထက်က စကားကို ကြားရလေ့ ရှိပါတယ်။ အဲဒီအချိန်တွေတုန်းက သိပ်ပြီး သတိမထားမိပါဘူး။ ဒါပေမဲ့ ကိုယ်တိုင် ဖြေပြီးတဲ့နောက်မှာ အဲဒီစကားက အတော်လေး မှန်တယ်ဆိုတာကို သိလာရပါတယ်။ ကိုယ်ပိုင် တွေ့ကြုံပြီးပြီဆိုတော့ နောက်လူတွေ ထပ် မမှားသင့်တဲ့ အမှားတွေဖြစ်လို့ ပြောပါရစေဦး။ ကိုယ်တိုင် အင်္ဂလိပ်စာတွေ သင်ယူတဲ့အခါမှာရော၊ ဆရာဖြစ်လို့ သင်ပေးတဲ့အခါမှာပါ တချို့ အကြောင်းအရာတွေကို မသိမသာရော၊ သိသိသာသာပါ ချန်ထား၊ ကျော်ထားခဲ့လေ့ ရှိခဲ့ပါတယ်။ "ဒါတွေကတော့ ငါ ပြောဖြစ်မှာ မဟုတ်ပါဘူး"ဆိုတဲ့ စိတ်ထားနဲ့ ခြွင်းချက် ထားခဲ့တာတွေပါ။ ကိုယ်တွေ့ ဥပမာ ပြရရင် - အစားအသောက်၊ ဟိုတယ်၊ အဝတ်အစား စသည်ဖြင့်။ ကိုယ်ကိုယ်တိုင်က အဲဒီအကြောင်းအရာတွေကို စိတ်မဝင်စားတာကြောင့်ရော၊ အဲဒါမျိုးတွေ ပြောနေတာ/ရေးနေတာတွေကို ကလေးကလားဆန်တယ်ဆိုတဲ့ အတွေးကြောင့်ရော ချန်လှပ်ထားခဲ့မိတာပါ။ တကယ်ကျတော့ အဲဒါ အမှားကြီး မှားပါတယ်။ ပြီးခဲ့တဲ့ IELTS စာမေးပွဲ ဖြေမလို့လုပ်တုန်း Speaking ပိုင်းတွေ လေ့ကျင့်တဲ့အခါ 'ဟိုတယ်'အကြောင်း ပြောဖို့ ပါလာပါတယ်။ ကိုယ့်မှာက အဲ...