Skip to main content

Posts

Showing posts with the label Authentic

Culture shock: "I wasn't prepared for the culture shock of being an international student"

#B1 #Reading #B1_Reading #Reading_B1 #Vocabulary #Guardian #Authentic Culture shock အကြောင်း စိတ်ဝင်စားရင် ဒီဆောင်းပါးထဲမှာ မှတ်သားစရာလေးတွေ အတော်များများ ပါပါတယ်။ အရင်ဆုံး Vocabulary လေးတွေ လေ့လာထားရင် စာဖတ်တဲ့အခါ ပိုပြီး အဆင်ပြေမှာပါ။ (catch/throw sb) off balance (idm) = to make sb surprised and no longer calm The senator was clearly caught off balance by the unexpected question. She was caught off balance by some awkward questions. The question threw him off balance for a moment. to sb's amusement = in a way that makes sb laugh or smile To my amusement he couldn't get the door open. To our great amusement, the dog ran off with one of Dad's slippers. Much to everyone's amusement, someone hid his clothes while he was swimming. He got up and sang 'Yellow Submarine', much to everyone's amusement. They were dancing and singing in the car, much to the amusement of passers-by. The cats are a constant source of amusement to us. figure sb/sth <> out = to thi...

စာအုပ်အညွှန်း ၂

  #B2 #B2+ #C1 #C1+ #C2 #C2+ #IELTS #Reading #Vocabulary #Authentic #Improve #Lexis #Habits English စာ တိုးတက်ဖို့အတွက် Authentic Material တွေကိုလည်း ဖတ်ဖို့ လိုအပ်တဲ့အကြောင်း " စာအုပ်အညွှန်း ၁ "တုန်းက ရေးခဲ့ပါသေးတယ်။ Coursebook လောက်နဲ့ပဲ ကျေနပ်နေရင် စုံလင်မှာ မဟုတ်လို့ပါ။ ဒါနဲ့ ပတ်သက်ပြီး တွေ့ခဲ့ဖူးတဲ့ ပန်းချီသင်တန်း ကာတွန်းလေးတစ်ခုအကြောင်း ပြောပါဦးမယ်။ ကာတွန်းရဲ့ ပထမကွက်မှာ အဝိုင်းကို ဘယ်လိုရေးရတယ်လို့ ပြထားပါတယ်။ ဒုတိယအကွက်ကျတော့ လေးထောင့်တွေကို ဘယ်လို ဆွဲပါပေါ့။ အဲဒီလိုနဲ့ ရိုးရှင်းတဲ့ နည်းစနစ်လေးတွေ ပြသွားလိုက်တာ ဟုတ်နေတာပဲ။ "လွယ်သားပဲဟ"လို့ စိတ်ထဲ ထင်မိတာပေါ့။ ဒီလိုနဲ့ နောက်ဆုံးတော့ လက်တွေ့လေ့ကျင့်ခန်း လုပ်ရမဲ့အလှည့် ရောက်လာပါတယ်။ အဲဒီမှာကျတော့ မိုနာလီဇာပန်းချီကားကို ပြထားပြီး "ပုံတူ ဆွဲပါ"တဲ့။ ကဲ။ ;-( ;-( အဲဒီလိုပါပဲ။ Coursebook တွေလောက်နဲ့ ပြည့်စုံပြီ ထင်ရင်တော့ နောက်ဆုံးမှာ မိုနာလီဇာပုံကို ပုံတူ ဆွဲပြပါဆိုတဲ့ အဖြစ်မျိုးနဲ့ အဆုံးသတ်ရကောင်း သတ်သွားနိုင်ပါတယ်။ ဒါ့ကြောင့် Authentic Material တွေကို တတ်နိုင်သလောက် များများ ဖတ်ထားလေ၊ (နားထောင်ထားလေ) ကော...

စာအုပ်အညွှန်း ၁

#B2 #B2+ #C1 #C1+ #C2 #C2+ #IELTS #Reading #Vocabulary #Authentic #Improve #Kaizen အင်္ဂလိပ်စာ တိုးတက်ဖို့ ကြိုးစားတဲ့အခါ Authentic Material တွေ ဖတ်ဖို့ လိုအပ်တယ်ဆိုတာ သိကြပြီးသားပါ။ Course Book တွေလောက်နဲ့ ကျေနပ်နေလို့ မရပါဘူး။ Course Book တွေဟာ အကြောင်းအရာ (Topic, Vocab, Grammar & Usage) တွေကို အတော်အသင့် စုံလင်အောင်ပဲ ပြပေးနိုင်ပါတယ်။ ပြည့်စုံအောင် ပြမပေးနိုင်ပါဘူး။ ပြည့်စုံဖို့အတွက် Course Book လောကမှာတင် ဝဲလည်မနေဘဲ Authentic Material လောကထဲကိုပါ တိုးဝင်ရမှာပါ။ အခု ညွှန်းချင်တာက အင်္ဂလိပ်စာအတွက်လည်း အဆင်ပြေ၊ ဘဝအတွက်လည်း အသိဉာဏ် ရစေတဲ့ စာအုပ်တစ်အုပ်အကြောင်းပါ။ အဲဒါက - Robert Maurer Ph.D. ရဲ့ One Small Step Can Change Your Life - The Kaizen Way ဖြစ်ပါတယ်။ လူအတော်များများ Kaizen ဆိုတဲ့ ဂျပန်ဝေါဟာရကို ကြားဖူးကြပါလိမ့်မယ်။ ဒီနည်းလမ်းရဲ့ မူရင်းက ဂျပန် မဟုတ်ပေမဲ့ ဒီနည်းကို အသုံးချတဲ့ နေရာမှာ နာမည်ကြီးတဲ့ Toyota ကုမ္ပဏီတို့ကြောင့် ဂျပန်ဝေါဟာရက လူသိများလာတာ ဖြစ်လောက်ပါတယ်?။ ထားပါတော့။ အကြောင်းအရာကလည်း အထူးအဆန်း မဟုတ်ပါဘူး။ စာအုပ်နာမည်အတိုင်းပါပဲ။ တစ်နေ့တစ်နေ့ နည်းနည်းနည်းနည်းချင်း လုပ်...