Skip to main content

The Passive (ကံ)

#Grammar #C1 #C2 #IELTS6.5_7.5


The goods are imported from Italy.
The goods were imported from Italy.
The goods are being imported from Italy.
The goods were being imported from Italy.
The goods are going to be imported from Italy.
The goods have been imported from Italy.
The goods had been imported from Italy.
The goods will be imported from Italy.
The goods can be imported from Italy.
The goods have to be imported from Italy.
The goods might have been imported from Italy.
The goods must have been imported from Italy.



The passive is formed with the verb be + past participle.
ကံပုံစံကို be + past participle တွေနဲ့ ဖန်တီးပါတယ်။

Intransitive verbs (verbs with no object, e.g. appear, come, go) cannot be used in the passive form.
(appear, come, go တို့လို တိုက်ရိုက်ကံ မရှိတဲ့ ကြိယာ) Intransitive verb တွေမှာ ကံပုံစံကို သုံးလို့ မရပါဘူး။

There is no passive form for the present or past perfect continuous tense or the future continuous tenses. (We do not say The goods have/had been being imported or will be being imported.)
present perfect continuous, past perfect continuous, future continuous – tense တွေအတွက် ကံပုံစံ မရှိပါဘူး။
(The goods have/had been being imported.   The Goods will be being imported. လို့ သုံးလေ့ မရှိပါဘူး။)

We use the passive to focus attention on the person or thing that is affected by the action of the verb:
ကြိယာရဲ့ လုပ်ဆောင်ချက်က သက်ရောက်တဲ့ သက်ရှိသက်ရှိမဲ့တွေကို အလေးပေးဖို့ ကံပုံစံကို သုံးကြပါတယ်။

when the identity of the person/thing doing the action (= agent) is unknown or unimportant:
လုပ်ဆောင်တဲ့ သက်ရှိသက်မဲ့(= agent)ကို မသိတဲ့အခါ၊ ဒါမှမဟုတ် လုပ်ဆောင်တဲ့ သက်ရှိသက်မဲ့(= agent)ကို (ထုတ်ပြောဖို့) အရေးမကြီးတဲ့အခါတွေမှာ ကံပုံစံကို သုံးပါတယ်။

My office was broken into last night.
Tonight’s football match has been cancelled.

When it is obvious who/what the agent is:
agent က ဘယ်သူဘယ်အရာရယ်လို့ ထင်ရှားနေတဲ့အခါမှာ ကံပုံစံကို သုံးပါတယ်။

He was arrested and charged with theft. (Only the police can arrest and charge people.)

If we want to mention the agent in a passive sentence, we use the preposition by:
ကံဝါကျတွေမှာ agent ကို ဖော်ပြချင်ရင် ဝိဘတ် by ကို သုံးပါတယ်။

The goods are imported by a chain of supermarkets.

The passive is often used to describe technical or scientific processes:
နည်းပညာပိုင်းဆိုင်ရာ၊ သိပ္ပံဆိုင်ရာ လုပ်ဆောင်ချက်/ဖြစ်ပျက်စဉ်တွေကို ဖော်ပြဖို့အတွက် ကံပုံစံကို သုံးကြတာ များပါတယ်။

Water was added and the mixture was heated to 85℃.

With verbs like know, believe, think, consider, expect, report we can use the passive + infinitive. We can also use an impersonal construction with It + passive + that + clause:
know, believe, think, consider, expect, report တို့လို့ ကြိယာတွေနဲ့ passive + infinitive ကို သုံးနိုင်ပါတယ်။  It + passive + that + clause ဆိုတဲ့ ဓမ္မဓိဋ္ဌာန်ပုံစံကိုလည်း သုံးနိုင်ပါတယ်။

Bill Gates is known to be one of the world’s richest people.
Twenty people are reported to have been injured in the fire.
It is believed that the accident was caused by a gal leak.
It has been estimated that average house prices will fall by 5% this year.

Structures like these are often used:
အထက်က ပုံစံမျိုးတွေကို ဟောဒီကိစ္စတွေအတွက် မကြာခဏ သုံးလေ့ရှိတာပါ။

to express an opinion that is widely accepted as true
အများက အမှန်တရားအဖြစ် လက်ခံထားတဲ့ အယူအဆကို ဖော်ပြဖို့ သုံးပါတယ်။

when you can’t or don’t want to identify a source of information
ဘယ်သူဘယ်ဝါက ပြောပါတယ်/ဘယ်နေရာမှာ ဖတ်ရကြားရပါတယ်-လို့ မူလပြောသူ/ရေးသူတွေကို မပြောနိုင်/မပြောချင်တဲ့အခါမှာ သုံးပါတယ်။

We also use the passive to create a ‘flow’ in text:
စာသွားစာလာ၊ စကားသွားစကားလာ အဆင်ပြေအောင်လည်း ကံပုံစံကို သုံးပါတယ်။

to put ‘known information’ at the beginning of a sentence:
ဝါကျရဲ့ ရှေ့ဆုံးမှာ 'သိပြီးသား အကြောင်းအရာ'ကို ပြောဖို့ သုံးပါတယ်။

The police have started to take a tougher line with petty criminals. Many of them are now being given prison sentences. (petty criminals ကို နောက်ဝါကျရဲ့ အစမှာ Many of them ဆိုပြီး ထားတာကို သတိပြုပါ။)

to avoid the awkwardness of a very long subject:
ကတ္တားပုဒ်က အရှည်ကြီးဖြစ်နေရင် ကို့ရို့ကားရားနဲ့ ဖတ်လို့ မကောင်းပါဘူး။ အဲဒါမျိုး မဖြစ်အောင် ရှောင်ဖို့ ကံပုံစံကို သုံးပါတယ်။

The player who has won ‘football of the year’ most times addressed the club management.
ပြုပြင်ထားတဲ့ ကံပုံစံ - The club management was addressed by the player who has won ‘football of the year’ most times.


အဆင်ပြေကြပါစေ
ငြိမ်းချမ်းပါစေ မြန်မာပြည်
အေးချမ်းပါစေ ကမ္ဘာမြေ
A batch 7th TESOLer
Mandalay TESOL Centre


Comments

Popular posts from this blog

IELTS Writing Question Types & Score List

 Cambridge IELTS Series (7-16) ထဲက Writing Task 1 & Task 2 တွေရဲ့ - မေးခွန်းအမျိုးအစား(Question type)နဲ့ - ရမှတ်(Score)တွေကို စာရင်းလုပ်ထားတာပါ။ အမှတ်ကောင်းရတဲ့ နမူနာတွေကို စံပြုအဖြစ် လေ့လာချင်ရင် အလွယ်တကူ ရွေးချယ်ပြီး လေ့လာနိုင်အောင်လို့ပါ။ မေးခွန်းအမျိုးအစား ခွဲခြားတာတွေကတော့ Task 1 မှာ အတော်များများ တိကျပေမဲ့ Task 2 ကတော့ တိကျမှု မရှိပါဘူး။ 1-6 တွေကလည်း နည်းနည်း ဟောင်းသွားပြီမို့ စာရင်းထဲ ထည့်မထားပါဘူး။ . . အဆင်ပြေကြပါစေ ငြိမ်းချမ်းပါစေ မြန်မာပြည် အေးချမ်းပါစေ ကမ္ဘာမြေ #IELTS #Writing #Task1 #Task2 #QuestionType #Score   Task 1 BooksNo. Test 1 Test 2 Test 3 Test 4 7 5.5 table Very Good line 6.5 bar <> Very Good pie 4 8 Very Good mix=pie+table Very Good pie 3 6.0 diagram/process 8.0 line...

ကိုယ့်ရဲ့ English Level ကို ဘယ်လို စစ်ကြည့်မလဲ

#Level #Test #Study #IELTS #A1 #A1+ #A2 #A2+ #B1 #B1+ #B2 #B2+ #C1 #C1+ #C2 #C2+ IELTS/TOEFL/TOEIC/Cambridge Exam/PTE တွေ ဖြေဖို့ ပြင်ဆင်တဲ့အခါ ကိုယ့် Level လောက် မမြင့်တဲ့ စာအုပ်တွေနဲ့ လေ့ကျင့်နေရင် သိပ်ပြီး ထူးခြားလာမှာ မဟုတ်ပါဘူး။ အမြင့်ကို ရောက်ချင်ရင် အထက်ကို တက်ရမှာပါ။ ဆိုတော့ အမှန်က ကိုယ့် Level နဲ့ ကိုက်ညီတဲ့၊ ကိုယ့် Level ထက် တစ်ဆင့်ပဲ ပိုမြင့်တဲ့ (ဥပမာ- ကိုယ်က B1 ဆိုရင် B1+ ဒါမှမဟုတ် B2) စာအုပ်တွေနဲ့ လေ့ကျင့်ဖို့ အတော်လေး အရေးကြီးပါတယ်။ ဒါမှပဲ ကိုယ့်အရည်အသွေးက အဆင့် မြင့်လာမှာပါ။ ဒါကို သတိတရ ပြောရတာကတော့ တစ်ခါတုန်းက ဆရာမတစ်ဦးနဲ့ ကြုံဖူးပါတယ်။ သူ့ဆီက အကူအညီတောင်းစရာရှိလို့ စကားစပ်မိကြရင်း သူက သူ့ဆီမှာ ရှိတဲ့ IELTS စာအုပ်တွေကို ကိုယ်အသုံးကျရင် ယူဖို့ ပြောပါတယ်။ အဲဒီအချိန် သူရောကိုယ်ရော B1+ ဒါမှမဟုတ် B2 ထဲ ရောက်နေပါပြီ။ (အခုလည်း B2+ လောက်တော့ ရှိကောင်းပါသေးရဲ့။) ဒါပေမဲ့ သူ ပြတဲ့ စာအုပ်တွေက A2+ / B1 လောက်ပဲ ရှိနေပါတယ်။ သူက ဒါကို သတိမပြုမိပါဘူး။ ကိုယ်ပြောမှ သူလည်း သတိထားမိသွားတာပါ။ ကိုယ် မပြောမိရင် သူ့ခမျာ လွယ်တဲ့ စာအုပ်တွေနဲ့ပဲ "ငါ တယ်တော်နေပါလား"လို့ ထင်နေရှာမှာပါ။ ကဲ ...

Go wild! 15 easy May gardening tasks to ensure a beautiful, flowery summer (Gardening)

by Jane Perrone https://www.theguardian.com/lifeandstyle/2021/may/07/go-wild-15-easy-may-gardening-tasks-to-ensure-a-beautiful-flowery-summer #C2 #IELTS #Reading #Guardian #Gardening 1. Wormery /ˈwɜːməri/ (n) a container in which worms are kept, for example in order to produce compost Try the mud pit, mud pies andn wormery. It has a beehive and a wormery and a lovely old magnolia tree. My compost bin has turned into a wormery. 2. Tender (adj) easily hurt or damaged tender young plants that were killed by the harsh winter A tender plant is delicate and needs protection from bad weather. The newborn looked so fragile and tender. syn: delicate, fragile, frail, weak, feeble, breakable 3. Tetris (Proper N) a puzzle video game in which falling tetrominoes must be manipulated to form complete lines, which are then cleared from the grid. A Tetris is a tile-matching puzzle video game originally designed and programmed by ... 4. Shove sth (+adv./prep.) /ʃʌv/ (v) (informal) to put sth somewhere r...