Skip to main content

no, none, not

#Grammar #C1 #CAE #IELTS_6.5-7.5
- "Complete CAE" 2nd Edition

no

no က not any (တစ်ဦးတစ်ယောက်/တစ်စုံတစ်ခု, မ-)၊ not even one (တစ်ဦးတစ်ယောက်တောင်မှ/တစ်စုံတစ်ခုတောင်မှ၊ မ-) လို့ ဆိုလိုပါတယ်။ C-noun နဲ့ U-noun ၂ မျိုးလုံးနဲ့ သုံးနိုင်ပါတယ်။

I have no idea what you’re talking about.
There were no cars on the road at that time of night.
There’s no salt on the table.

no ကို Comparative Adj/Adv တွေနဲ့ တွဲ သုံးနိုင်ပါတယ်၊ 'different’ ဆိုတဲ့ စကားလုံးနဲ့လည်း တွဲသုံးနိုင်ပါတယ်။

The traffic is no worse today than it was yesterday.
I had to work late every evening last week, and so far this week has been no different.

none

(/nʌn/ လို့ အသံထွက်ပါတယ်။ တချို့က prefix တစ်လုံး ဖြစ်တဲ့ non- /nɒn/ နဲ့ အသံထွက် လွဲတတ်ကြပါတယ်။ တကယ်က ‘နန်း’နဲ့ ‘နွန်း’လို့ ပြောရမှာပါ။ မတူပါဘူး။)

none ကတော့ not one / not any (တစ်ဦးတစ်ယောက်/တစ်စုံတစ်ခု၊ မ-) လို့ အဓိပ္ပာယ်ရတဲ့ pronoun ဖြစ်ပါတယ်။ များသောအားဖြင့် သူ့ရဲ့နောက်မှာ of + Plural-N/U-noun/Pronoun လိုက်ပါတယ်။

None of my friends know/knows it’s my birthday today. (know/knows ကိစ္စ နောက်မှ လာပါမယ်။)
None of the milk in the fridge is fresh.

none ကို သူ့ချည်းသက်သက်လည်း သုံးနိုင်ပါတယ်။

‘How much coffee do we have?’ ‘None (at all). We finished it yesterday.’
We need to buy some more eggs – there are none left.

none ကို အခန့်သုံးအရေးအသားတွေမှာ singular အဖြစ်သတ်မှတ်ပါတယ်။ ဒါ့ကြောင့် သူ့နောက်မှာ singular verb လိုက်ပါတယ်။

None of my colleagues speaks Japanese.

ဒါပေမဲ့ နေ့စဉ်သုံး/ပေါ့ပေါ့ပါးပါးသုံး အပြောစကားမှာတော့ none ကို (plural form အဖြစ် ယူဆပြီး) plural verb နဲ့ တွဲသုံးကြတာကို အတွေ့ရများပါတယ်။

None of this morning’s flights have been delayed.

not

not ကို အဓိကအားဖြင့် ငြင်းပယ်ခြင်းပြကြိယာတွေ ဖန်တီးဖို့ သုံးပါတယ်။ များသောအားဖြင့် သူ့ကို n’t လို့ အတိုချုံ့လေ့ရှိပါတယ်။

You have not / haven’t answered my question.
That isn’t / That’s not the correct answer.
She told me not to phone her after ten o’clock at night.
He was silent, not knowing what to say.

တခြား စကားလုံးတွေ၊ စကားစုတွေကို ငြင်းပယ်ခြင်းပြဖြစ်အောင်လည်း not က လုပ်ဆောင်ပေးပါတယ်။

I ordered tea, not coffee.
Not many people voted in yesterday’s election.
Not everyone can win the lottery.
Not all Canadians speak French.
Not surprisingly, he failed his driving test.
‘Can you come out?’ ‘No, I’m afraid not.


ငြိမ်းချမ်းပါစေ မြန်မာပြည်
အေးချမ်းပါစေ ကမ္ဘာမြေ
A batch 7th TESOLer
Mandalay TESOL Centre

Comments

Popular posts from this blog

US Jobless Rate Rises While Job Growth Slows (Business)

By VOA News https://www.voanews.com/usa/us-jobless-rate-rises-while-job-growth-slows #C2+ #IELTS #Reading #VOA #Business 1. Nonfarm (adj) relating to economic activities not associated with farming 2. Payroll (n) (A) a list of people employed by a company showing the amount of money to be paid to each of them We have 500 people on the payroll. Manufacturing payrolls have dropped by 16,000. (B) (usually singular) the total amount paid in wages by a company The firm is growing fast with a montly payroll of $1 million. They have an annual payroll of #23 million. 3. Modest (adj) not very large, expensive, important, etc. modest improvement/reforms He charged a relatively modest fee. a modest little house The research was carried out on a modest scale. The party made modest gains in teh elections, but nothing like the huge gains that were predicted. a modest increase in costs She had saved a modest amount of money. 4. Revise (v) to change sth because of new information or ideas The college ...

ကိုယ့်ရဲ့ English Level ကို ဘယ်လို စစ်ကြည့်မလဲ

#Level #Test #Study #IELTS #A1 #A1+ #A2 #A2+ #B1 #B1+ #B2 #B2+ #C1 #C1+ #C2 #C2+ IELTS/TOEFL/TOEIC/Cambridge Exam/PTE တွေ ဖြေဖို့ ပြင်ဆင်တဲ့အခါ ကိုယ့် Level လောက် မမြင့်တဲ့ စာအုပ်တွေနဲ့ လေ့ကျင့်နေရင် သိပ်ပြီး ထူးခြားလာမှာ မဟုတ်ပါဘူး။ အမြင့်ကို ရောက်ချင်ရင် အထက်ကို တက်ရမှာပါ။ ဆိုတော့ အမှန်က ကိုယ့် Level နဲ့ ကိုက်ညီတဲ့၊ ကိုယ့် Level ထက် တစ်ဆင့်ပဲ ပိုမြင့်တဲ့ (ဥပမာ- ကိုယ်က B1 ဆိုရင် B1+ ဒါမှမဟုတ် B2) စာအုပ်တွေနဲ့ လေ့ကျင့်ဖို့ အတော်လေး အရေးကြီးပါတယ်။ ဒါမှပဲ ကိုယ့်အရည်အသွေးက အဆင့် မြင့်လာမှာပါ။ ဒါကို သတိတရ ပြောရတာကတော့ တစ်ခါတုန်းက ဆရာမတစ်ဦးနဲ့ ကြုံဖူးပါတယ်။ သူ့ဆီက အကူအညီတောင်းစရာရှိလို့ စကားစပ်မိကြရင်း သူက သူ့ဆီမှာ ရှိတဲ့ IELTS စာအုပ်တွေကို ကိုယ်အသုံးကျရင် ယူဖို့ ပြောပါတယ်။ အဲဒီအချိန် သူရောကိုယ်ရော B1+ ဒါမှမဟုတ် B2 ထဲ ရောက်နေပါပြီ။ (အခုလည်း B2+ လောက်တော့ ရှိကောင်းပါသေးရဲ့။) ဒါပေမဲ့ သူ ပြတဲ့ စာအုပ်တွေက A2+ / B1 လောက်ပဲ ရှိနေပါတယ်။ သူက ဒါကို သတိမပြုမိပါဘူး။ ကိုယ်ပြောမှ သူလည်း သတိထားမိသွားတာပါ။ ကိုယ် မပြောမိရင် သူ့ခမျာ လွယ်တဲ့ စာအုပ်တွေနဲ့ပဲ "ငါ တယ်တော်နေပါလား"လို့ ထင်နေရှာမှာပါ။ ကဲ ...

ဘာသာစကားတစ်ခုကို သင်တဲ့အခါ ခြွင်းချက်ထားလို့ မရ။ အကုန် သင်ရမယ်။

TOEFL/IELTS/Cambridge Exams/PTE အစရှိတဲ့ ဘာသာစကား စာမေးပွဲတွေ ဖြေခဲ့သူတွေနဲ့ စကားပြောတဲ့အခါတိုင်း အထက်က စကားကို ကြားရလေ့ ရှိပါတယ်။ အဲဒီအချိန်တွေတုန်းက သိပ်ပြီး သတိမထားမိပါဘူး။ ဒါပေမဲ့ ကိုယ်တိုင် ဖြေပြီးတဲ့နောက်မှာ အဲဒီစကားက အတော်လေး မှန်တယ်ဆိုတာကို သိလာရပါတယ်။ ကိုယ်ပိုင် တွေ့ကြုံပြီးပြီဆိုတော့ နောက်လူတွေ ထပ် မမှားသင့်တဲ့ အမှားတွေဖြစ်လို့ ပြောပါရစေဦး။ ကိုယ်တိုင် အင်္ဂလိပ်စာတွေ သင်ယူတဲ့အခါမှာရော၊ ဆရာဖြစ်လို့ သင်ပေးတဲ့အခါမှာပါ တချို့ အကြောင်းအရာတွေကို မသိမသာရော၊ သိသိသာသာပါ ချန်ထား၊ ကျော်ထားခဲ့လေ့ ရှိခဲ့ပါတယ်။ "ဒါတွေကတော့ ငါ ပြောဖြစ်မှာ မဟုတ်ပါဘူး"ဆိုတဲ့ စိတ်ထားနဲ့ ခြွင်းချက် ထားခဲ့တာတွေပါ။ ကိုယ်တွေ့ ဥပမာ ပြရရင် - အစားအသောက်၊ ဟိုတယ်၊ အဝတ်အစား စသည်ဖြင့်။ ကိုယ်ကိုယ်တိုင်က အဲဒီအကြောင်းအရာတွေကို စိတ်မဝင်စားတာကြောင့်ရော၊ အဲဒါမျိုးတွေ ပြောနေတာ/ရေးနေတာတွေကို ကလေးကလားဆန်တယ်ဆိုတဲ့ အတွေးကြောင့်ရော ချန်လှပ်ထားခဲ့မိတာပါ။ တကယ်ကျတော့ အဲဒါ အမှားကြီး မှားပါတယ်။ ပြီးခဲ့တဲ့ IELTS စာမေးပွဲ ဖြေမလို့လုပ်တုန်း Speaking ပိုင်းတွေ လေ့ကျင့်တဲ့အခါ 'ဟိုတယ်'အကြောင်း ပြောဖို့ ပါလာပါတယ်။ ကိုယ့်မှာက အဲ...