#Grammar #C1 #CAE #IELTS_6.5-7.5 - "Complete CAE" 2nd Edition no no က not any (တစ်ဦးတစ်ယောက်/တစ်စုံတစ်ခု, မ-)၊ not even one (တစ်ဦးတစ်ယောက်တောင်မှ/တစ်စုံတစ်ခုတောင်မှ၊ မ-) လို့ ဆိုလိုပါတယ်။ C-noun နဲ့ U-noun ၂ မျိုးလုံးနဲ့ သုံးနိုင်ပါတယ်။ I have no idea what you’re talking about. There were no cars on the road at that time of night. There’s no salt on the table. no ကို Comparative Adj/Adv တွေနဲ့ တွဲ သုံးနိုင်ပါတယ်၊ 'different’ ဆိုတဲ့ စကားလုံးနဲ့လည်း တွဲသုံးနိုင်ပါတယ်။ The traffic is no worse today than it was yesterday. I had to work late every evening last week, and so far this week has been no different. none (/nʌn/ လို့ အသံထွက်ပါတယ်။ တချို့က prefix တစ်လုံး ဖြစ်တဲ့ non- /nɒn/ နဲ့ အသံထွက် လွဲတတ်ကြပါတယ်။ တကယ်က ‘နန်း’နဲ့ ‘နွန်း’လို့ ပြောရမှာပါ။ မတူပါဘူး။) none ကတော့ not one / not any (တစ်ဦးတစ်ယောက်/တစ်စုံတစ်ခု၊ မ-) လို့ အဓိပ္ပာယ်ရတဲ့ pronoun ဖြစ်ပါတယ်။ များသောအားဖြင့် သူ့ရဲ့နောက်မှာ of + Plural-N/U-noun/Pronoun လိုက်ပါတယ်။ None of my friends know/knows it’s my birthday today...