Skip to main content

Verbs + to infinitive or -ing

#C1 #CAE #IELTS6.5-7.5 #Grammar
- "Complete CAE" 2nd Edition

Verbs + to infinitive or -ing

 Verbs followed by the infinitive
The infinitive without to is used after:
modal verbs:
‘to’ မပါတဲ့ infinitive (infinitive without to/bare infinitive) ကို modal verb တွေရဲ့ နောက်မှာ သုံးပါတယ်။

We must hurry or we’ll be late.

The to infinitive is used after:
‘to’ ပါတဲ့ infinitive (to-infinitive/full infinitive) ကိုတော့ အခု အောက်မှာ ပြမဲ့အရာတွေရဲ့ နောက်မှာ သုံးပါတယ်။

Some verbs which are modal in meaning:
အဓိပ္ပာယ်အရ modal ဆန်တဲ့ ကြိယာတွေရဲ့ နောက်မှာ သုံးပါတယ်။

I have to go to work tomorrow.
You ought to get more sleep.
You need to think again. You don’t need to worry.

Note: The verb need has an alternative negative form, needn’t, which is followed by the infinitive without to:
မှတ်ချက် - ‘need’ ဆိုတဲ့ ကြိယာမှာ "needn't" ဆိုတဲ့ အငြင်းပုံစံ နောက်တစ်မျိုး ရှိပါတယ်။ အဲဒီ အငြင်းပုံစံနောက်မှာတော့ ‘to’ မပါတဲ့ bare infinitive လိုက်ပါတယ်။ (အထက်မှာ ပြခဲ့တဲ့ need to think/worry ဝါကျတွေနဲ့ နှိုင်းကြည့်ပါ။)

You needn’t worry.

certain verbs, e.g. afford, agree, arrange, appear, attempt, choose, decide, expect, hope, intend, learn, manage, offer, pretent, promise, refuse, seem:

We can’t afford to go on holiday this year.

certain verbs + object, e.g. advise, allow, ask, convince, enable, encourage, forbid, force, get, instruct, invite, order, persuade, remind, require, teach, tell, train, want, warn, wish:

You can’t force people to believe something.
My father taught me to swim.

Note: After the verb help, the to can be omitted before the infinitive:
မှတ်ချက် - ‘help’ ကြိယာရဲ့ နောက်၊ infinitive ရဲ့ ရှေ့မှာ 'to’ ကို ချန်ထားခဲ့နိုင်ပါတယ်။

She helped me (to) revise for my exam.
(အဲဒါကြောင့် -
She helped me to revise for my exam.
She helped me revise for my exam. - လို့ ပုံစံ ၂ မျိုးလုံး သုံးနိုင်ပါတယ်။)

Verbs followed by the -ing form
The -ing form of the verb is used after:
-ing တွေကို အောက်မှာ ပြထားတဲ့ နေရာတွေရဲ့ နောက်မှာ သုံးနိုင်ပါတယ်။

some verbs which express likes and dislikes, e.g. dislike, enjoy, loathe, (don’t)mind, (can’t) stand:
“dislike, enjoy, loathe, mind, don’t mind, stand, can’t stand” ဆိုတဲ့ ကြိုက်ခြင်းမကြိုက်ခြင်းတွေကို ဖော်ပြတဲ့ ကြိယာတွေရဲ့ နောက်မှာ -ing ပုံစံကို သုံးပါတယ်။

She can’t stand getting stuch in a traffic jam.

But not the following exceptions:
ဒါပေမဲ့ အောက်မှာ ပြထားတဲ့ ခြွင်းချက်တွေလည်း ရှိပါသေးတယ်။

- hate/like/love/perfer are usually followed by the -ing form but are sometimes followed by the to infinitive (see below).
“hate/like/love/prefer” တွေရဲ့ နောက်မှာ များသောအားဖြင့် -ing လိုက်ပါတယ်။ ဒါပေမဲ့ တစ်ခါတစ်ရံမှာတော့ to infinitive လိုက်တာတွေလည်း ရှိပါတယ်။

- would + hate/like/love/prefer is always followed by the to infinitive:
“would+hate/like/love/prefer” တွေရဲ့ နောက်မှာတော့ အမြဲတမ်း to infinitive လိုက်ပါတယ်။

I’d hate to get up early every morning.

certain verbs, e.g. admit, appreciate, avoid, can’t help, consider, delay, deny, finish, imagine, involve, keep, miss, postpone, prevent, recommend, report, resist, risk, suggest:

The prime minister has just finished speaking.

Verbs followed by to infinitive or -ing
A small number of verbs can be followed either by the infinitive or by the -ing form.
ကြိယာအနည်းအကျဉ်းရဲ့ နောက်မှာတော့ infinitive ဖြစ်ဖြစ်၊ -ing ဖြစ်ဖြစ် လိုက်နိုင်ပါတယ်။ ၂ မျိုးလုံးပါ။

With no difference in meaning
အခု ပြမဲ့ ကြိယာတွေရဲ့နောက်မှာ infinitive/ing ဘာပဲလိုက်လိုက် အဓိပ္ပာယ် ထူးခြားချက် မရှိပါဘူး။

begin, can’t bear, cease, commence, continue, hate, intend, like, love, propose, start:

I’ve just started to learn/ learning to ski.
He had intended to leave / leaving before midnight.

Note: With the verbs like, love, hate there can be this slight difference in meaning:
မှတ်ချက် - like, love, hate တွေရဲ့ နောက်မှာတော့ အဓိပ္ပာယ်တွေက အခု ပြထားသလို နည်းနည်းလေး ကွဲပြားနိုင်ပါတယ်။

I like to clean my car every week. (The focus is on the result of the activity.)
I like cleaning my car every week. (The focus is on the actvitiy itself, i.e. I enjoy cleaning it.)
(ပထမဝါကျ like to clean ပုံစံက ရလဒ်ကို အဓိကထားပါတယ်။ ကား သန့်သန့်ရှင်းရှင်း ရှိနေတာကို ပြောချင်တာပါ။ ဒုတိယဝါကျ clearn like cleaning ပုံစံကျတော့ လုပ်ဆောင်ချက်ကို အဓိကထားပါတယ်။ သန့်ရှင်းရေး လုပ်ရတာကို သဘောကျတယ်-လို့ ပြောချင်တာပါ။)

With different meanings
အခု ပြမဲ့ ကြိယာတွေရဲ့နောက်မှာ infinitive/ing လိုက်တဲ့အပေါ် မူတည်ပြီး အဓိပ္ပာယ် ထူးခြားပါတယ်။

verbs expressing perception
‘perception’ ကို ဖော်ပြတဲ့ ကြိယာတွေရဲ့ နောက် လိုက်တဲ့အခါ။
{‘perception စကားလုံးကို ဘာသာပြန်ရတာ ခက်ပါတယ်။ အင်္ဂလိပ်မြန်မာအဘိဓာန်ထဲမှာ ပြထားတဲ့ ဘာသာပြန်ချက် ရှိပေမဲ့ ခြုံငုံမှု မရှိဘူးလို့ ယူဆပါတယ်။ the way you notice things, especially with the senses လို့ Oxford က ဖွင့်ဆိုချက်ကိုပဲ သဘောကျပါတယ်။ Collins မှာ ပြထားတဲ့ awareness, sense, recognition, consciousness, sensation, conception ဆိုတဲ့ synonym တွေနဲ့ တွဲကပ်ပြီး မှတ်ထားတာက ကိုယ်တို့အတွက် ပို အဆင်ပြေပါတယ်။}
I saw the plane land. (= I saw the whole action. ဖြစ်စဉ်တစ်ခုလုံးကို မြင်)
I saw the plane landing. (= I saw part of the action. ဆင်းသက်တဲ့အချိန်ပိုင်းကိုပဲ မြင်)

forget
I forgot to phone my brother. (= I didn’t phone him. ဖုန်းဆက်ဖို့ မေ့သွား၊ ဖုန်းဆက်ရန် မေ့လျော့သွား)
I’ll never forget phoning my sister that night. (= I phoned her and I recall it well. အဲဒီညက ဖုန်းပြောခဲ့တာကို ဘယ်တော့မှ မမေ့)

remember
Tom remembered to close the windows before he left. (= He did something he had to do; he didn’t forget. မပြန်ခင် တံခါးပိတ်ဖို့ သတိရ၊ တံခါးပိတ်ရန် သတိရ)
Tom remembered closing the windows before he left. (= He recalled doing it. "မပြန်ခင် တံခါး ပိတ်ခဲ့တာ”ကို မှတ်မိ)

go on
She won her first race when she was seven and went on to break the world record. (= Breaking the world record was something she did later. ၇ နှစ်အရွယ်မှာ ပထမဆုံးပွဲ နိုင်၊ နောက် ကမ္ဘာ့မှတ်တမ်းဝင်ဖို့ ဆက်လုပ်)
He went on walking even though he was exhausted. (= He didn’t stop walking. ပင်ပန်းလွန်းပေမဲ့ လမ်း ဆက်လျှောက်)
{Oxford/OALD9 မှာ
go on to do sth = to do sth after completing something else တစ်ခု လုပ်ပြီးတဲ့နောက် နောက်တစ်ခုကို လုပ်ဆောင်။
go on doing sth = to continue an activity without stopping လုပ်နေတာကို မရပ်ဘဲ ဒါကိုပဲ ဆက်လုပ်။
- လို့ ခွဲခြားဖော်ပြထား။}

mean
I’m sorry, I didn’t mean to be rude. (= intend)
If we want to catch the early train, it’ll mean getting up at 5:00. (= involve)

regret
I regret to inform you that you have not passed the test. (= I’m sorry about something unwelcome I’m about to say. ပြောရတာ အားနာတယ်ကွာ၊ မင်း...) {Macmillan 2016 မှာဆိုရင် I/We regret to inform/tell you that ဆိုတာကို သီးသန့်အတွဲလိုက်အဖြစ်တောင် ပြထားပေးပါတယ်။ used when you are giving someone bad news လို့ ဖွင့်ဆိုထားပါတယ်။}
He now regrets taking the day off work. (= He wishes he hand’t taken the day off work. ခွင့်ယူမိတာကို မှားသွားပြီလို့ နောင်တရ)

stop
We’d better stop to look at the map. (= stop what we are doing in order to do something else တခြား တစ်ခုကို လုပ်ဖို့ လက်ရှိ လုပ်နေတာကို ရပ်တာ။ မြေပုံကြည့်ဖို့အတွက် လက်ရှိ လုပ်နေတာကို ရပ်ဖို့ အကြံပြု)
There’s nothing you can do about it, so stop worrying. (= finish worrying )

try
I’ve been trying to repair my computer all morning. (= attempt something difficult)
Have you tried kicking it? (= do something which might solve a problem)
{Longman/LOAD6 ထဲက ခွဲခြားပြတာကို လေ့လာကြည့်ပါ။
try to do sth = If you try to do sth, you attempt to do it:
try doing sth = If you try doing sth, you do it in order to find out if its enjoyable or produces the result you want}

အဆင်ပြေကြပါစေ
ငြိမ်းချမ်းပါစေမြန်မာပြည်
အေးချမ်းပါစေကမ္ဘာမြေ

A batch 7th TESOLer
Mandalay TESOL Centre

 

Comments

Popular posts from this blog

US Jobless Rate Rises While Job Growth Slows (Business)

By VOA News https://www.voanews.com/usa/us-jobless-rate-rises-while-job-growth-slows #C2+ #IELTS #Reading #VOA #Business 1. Nonfarm (adj) relating to economic activities not associated with farming 2. Payroll (n) (A) a list of people employed by a company showing the amount of money to be paid to each of them We have 500 people on the payroll. Manufacturing payrolls have dropped by 16,000. (B) (usually singular) the total amount paid in wages by a company The firm is growing fast with a montly payroll of $1 million. They have an annual payroll of #23 million. 3. Modest (adj) not very large, expensive, important, etc. modest improvement/reforms He charged a relatively modest fee. a modest little house The research was carried out on a modest scale. The party made modest gains in teh elections, but nothing like the huge gains that were predicted. a modest increase in costs She had saved a modest amount of money. 4. Revise (v) to change sth because of new information or ideas The college ...

ကိုယ့်ရဲ့ English Level ကို ဘယ်လို စစ်ကြည့်မလဲ

#Level #Test #Study #IELTS #A1 #A1+ #A2 #A2+ #B1 #B1+ #B2 #B2+ #C1 #C1+ #C2 #C2+ IELTS/TOEFL/TOEIC/Cambridge Exam/PTE တွေ ဖြေဖို့ ပြင်ဆင်တဲ့အခါ ကိုယ့် Level လောက် မမြင့်တဲ့ စာအုပ်တွေနဲ့ လေ့ကျင့်နေရင် သိပ်ပြီး ထူးခြားလာမှာ မဟုတ်ပါဘူး။ အမြင့်ကို ရောက်ချင်ရင် အထက်ကို တက်ရမှာပါ။ ဆိုတော့ အမှန်က ကိုယ့် Level နဲ့ ကိုက်ညီတဲ့၊ ကိုယ့် Level ထက် တစ်ဆင့်ပဲ ပိုမြင့်တဲ့ (ဥပမာ- ကိုယ်က B1 ဆိုရင် B1+ ဒါမှမဟုတ် B2) စာအုပ်တွေနဲ့ လေ့ကျင့်ဖို့ အတော်လေး အရေးကြီးပါတယ်။ ဒါမှပဲ ကိုယ့်အရည်အသွေးက အဆင့် မြင့်လာမှာပါ။ ဒါကို သတိတရ ပြောရတာကတော့ တစ်ခါတုန်းက ဆရာမတစ်ဦးနဲ့ ကြုံဖူးပါတယ်။ သူ့ဆီက အကူအညီတောင်းစရာရှိလို့ စကားစပ်မိကြရင်း သူက သူ့ဆီမှာ ရှိတဲ့ IELTS စာအုပ်တွေကို ကိုယ်အသုံးကျရင် ယူဖို့ ပြောပါတယ်။ အဲဒီအချိန် သူရောကိုယ်ရော B1+ ဒါမှမဟုတ် B2 ထဲ ရောက်နေပါပြီ။ (အခုလည်း B2+ လောက်တော့ ရှိကောင်းပါသေးရဲ့။) ဒါပေမဲ့ သူ ပြတဲ့ စာအုပ်တွေက A2+ / B1 လောက်ပဲ ရှိနေပါတယ်။ သူက ဒါကို သတိမပြုမိပါဘူး။ ကိုယ်ပြောမှ သူလည်း သတိထားမိသွားတာပါ။ ကိုယ် မပြောမိရင် သူ့ခမျာ လွယ်တဲ့ စာအုပ်တွေနဲ့ပဲ "ငါ တယ်တော်နေပါလား"လို့ ထင်နေရှာမှာပါ။ ကဲ ...

ဘာသာစကားတစ်ခုကို သင်တဲ့အခါ ခြွင်းချက်ထားလို့ မရ။ အကုန် သင်ရမယ်။

TOEFL/IELTS/Cambridge Exams/PTE အစရှိတဲ့ ဘာသာစကား စာမေးပွဲတွေ ဖြေခဲ့သူတွေနဲ့ စကားပြောတဲ့အခါတိုင်း အထက်က စကားကို ကြားရလေ့ ရှိပါတယ်။ အဲဒီအချိန်တွေတုန်းက သိပ်ပြီး သတိမထားမိပါဘူး။ ဒါပေမဲ့ ကိုယ်တိုင် ဖြေပြီးတဲ့နောက်မှာ အဲဒီစကားက အတော်လေး မှန်တယ်ဆိုတာကို သိလာရပါတယ်။ ကိုယ်ပိုင် တွေ့ကြုံပြီးပြီဆိုတော့ နောက်လူတွေ ထပ် မမှားသင့်တဲ့ အမှားတွေဖြစ်လို့ ပြောပါရစေဦး။ ကိုယ်တိုင် အင်္ဂလိပ်စာတွေ သင်ယူတဲ့အခါမှာရော၊ ဆရာဖြစ်လို့ သင်ပေးတဲ့အခါမှာပါ တချို့ အကြောင်းအရာတွေကို မသိမသာရော၊ သိသိသာသာပါ ချန်ထား၊ ကျော်ထားခဲ့လေ့ ရှိခဲ့ပါတယ်။ "ဒါတွေကတော့ ငါ ပြောဖြစ်မှာ မဟုတ်ပါဘူး"ဆိုတဲ့ စိတ်ထားနဲ့ ခြွင်းချက် ထားခဲ့တာတွေပါ။ ကိုယ်တွေ့ ဥပမာ ပြရရင် - အစားအသောက်၊ ဟိုတယ်၊ အဝတ်အစား စသည်ဖြင့်။ ကိုယ်ကိုယ်တိုင်က အဲဒီအကြောင်းအရာတွေကို စိတ်မဝင်စားတာကြောင့်ရော၊ အဲဒါမျိုးတွေ ပြောနေတာ/ရေးနေတာတွေကို ကလေးကလားဆန်တယ်ဆိုတဲ့ အတွေးကြောင့်ရော ချန်လှပ်ထားခဲ့မိတာပါ။ တကယ်ကျတော့ အဲဒါ အမှားကြီး မှားပါတယ်။ ပြီးခဲ့တဲ့ IELTS စာမေးပွဲ ဖြေမလို့လုပ်တုန်း Speaking ပိုင်းတွေ လေ့ကျင့်တဲ့အခါ 'ဟိုတယ်'အကြောင်း ပြောဖို့ ပါလာပါတယ်။ ကိုယ့်မှာက အဲ...