Skip to main content

Possibility & Probability

#C1 #C2 #IELTS6.5_7.5 #Grammar
{အဘိဓာန်တွေနဲ့ အပျင်းပြေ ကစားတဲ့သဘောပါ။ C1 & C2 သမားတွေအတွက် သိပ်ပြီး အရေးကြီးလှမယ်လို့တော့ မထင်ပါဘူး။}

Complete CAE 2nd Edition ထဲက "Expressing possibility, probability and certainty" ဆိုတဲ့ သဒ္ဒါစည်းမျဉ်းကို ဘာသာပြန်ဖို့လုပ်တော့ အခက်အခဲပေးတာက အထက်က စကားလုံးနှစ်လုံး။ မြန်မာစာအဖွဲ့က ထုတ်တဲ့ အင်္ဂလိပ်-မြန်မာအဘိဓာန်ထဲမှာ - Possibility ကို "ဖြစ်နိုင်ခြေ၊ အလားအလာ၊ ဖြစ်ကောင်းဖြစ်မည့်အရာ၊ ဖြစ်နိုင်သည့်အရာ/ကိစ္စ"လို့ ပြန်ဆိုထားပါတယ်။ Probability ကိုတော့ "ဖြစ်နိုင်ခြေ၊ အလားအလာ"လို့ပဲ ပြန်ဆိုထားပါတယ်။ (ဝေါဟာရ နှစ်မျိုးလုံးရဲ့ တခြား ဖွင့်ဆိုချက်တွေက အခု ပြောနေတဲ့ အကြောင်းအရာနဲ့ သိပ် မဆက်စပ်လှပါဘူး။) ဒါနဲ့ ကွဲကွဲပြားပြား သိချင်လို့ Online English Dictionary Website တွေကို လေ့လာကြည့်ပါတယ်။ Definition တွေ အများကြီး ရှိပေမဲ့ ဒီနေရာနဲ့ ဆီလျော်တာတွေကိုပဲ တင်ပြထားပါတယ်။

Oxford Dictionary Website
Possibility = 1. a thing may happen or be true; the fact that something might happen or be true, but is not certain
Probability = 1. how likely something is happen syn: likelihood နောက်ဖွင့်ဆိုချက်တစ်ခုက 2. a thing that is likely to happen ထူးခြားတာကတော့ ဒုတိယအဖွင့်ရဲ့ နမူနာဝါကျတစ်ခုက "It now seems a probability rather than just a possibility." ပါတဲ့။

https://www.oxfordlearnersdictionaries.com/definition/english/possibility?q=possibility
https://www.oxfordlearnersdictionaries.com/definition/english/probability?q=probability


Cambridge Dictionary Website
Possibility = a chance that something may happen or be true
Probability = the level of possibility of something happening or being true ဒီမှာလည်း "Until yesterday, the project was just a possibility, but now it has become a real probability (= it is likey to happen). ဆိုတဲ့ နမူနာဝါကျတစ်ခုက စိတ်ဝင်စားစရာပါ။

https://dictionary.cambridge.org/dictionary/english/possibility
https://dictionary.cambridge.org/dictionary/english/probability


Macmillan Dictionary Website
Possibility = the chance that something might happen or be true
Probability = 1. a measure of how likely something is to happen 1A. something that is likely to happen or be true ဆက်ပြီး Macmillan Thesaurus ကို သွားကြည့်တော့
Possibility = the chance that something might happen or be true
Probability = something that is likely to happen or be true - ဆိုပြီး ခွဲခြားပြထားပါတယ်။ သူကသာ ခွဲပြတာ၊ ကိုယ့်အဖို့တော့ ထူး-မခြားနားဖြစ်နေပါတယ်။

https://www.macmillandictionary.com/dictionary/british/possibility
https://www.macmillandictionary.com/dictionary/british/probability
https://www.macmillanthesaurus.com/topics/the-possibility-that-something-will-happen


Longman Dictionary Website
Possibility = if there is a possibility that something is true or that something will happen, it might be true or it might happen
Probability = 1. how likely something is, sometimes calculated in a mathematical way syn: likelihood, chance 2. what is likely or something that is likely ဒီမှာလည်း ဒုတိယဖွင့်ဆိုချက်အတွက် "A peace agreement now seems a probability rather than a possibility." ဆိုတဲ့ နမူနာဝါကျတစ်ခုပါပါတယ်။

https://www.ldoceonline.com/dictionary/possibility
https://www.ldoceonline.com/dictionary/probability


စိတ်ဝင်စားလို့ Longman Language Activator (for Upper InterMed - Adv) စာအုပ်နဲ့ စစ်ကြည့်ပေမဲ့ သိပ်ပြီး ကွဲကွဲပြားပြား မသိရပါဘူး။ အထက်က ဖွင့်ဆိုချက်တွေ၊ နမူနာဝါကျတွေအေရ ဖြစ်နိုင်ခြေကတော့ Probability က ဖြစ်နိုင်ခြေ ပိုများတဲ့သဘော၊ အထောက်အထားအရ တွက်ဆပြီး အလားအလာကို ပြနိုင်တဲ့သဘော တွေ့ရပါကြောင်း။


အဆင်ပြေကြပါစေ
ငြိမ်းချမ်းပါစေ မြန်မာပြည်
အေးချမ်းပါစေ ကမ္ဘာမြေ
A batch 7th TESOLer
Mandalay TESOL Centre

 

 

Comments

Popular posts from this blog

US Jobless Rate Rises While Job Growth Slows (Business)

By VOA News https://www.voanews.com/usa/us-jobless-rate-rises-while-job-growth-slows #C2+ #IELTS #Reading #VOA #Business 1. Nonfarm (adj) relating to economic activities not associated with farming 2. Payroll (n) (A) a list of people employed by a company showing the amount of money to be paid to each of them We have 500 people on the payroll. Manufacturing payrolls have dropped by 16,000. (B) (usually singular) the total amount paid in wages by a company The firm is growing fast with a montly payroll of $1 million. They have an annual payroll of #23 million. 3. Modest (adj) not very large, expensive, important, etc. modest improvement/reforms He charged a relatively modest fee. a modest little house The research was carried out on a modest scale. The party made modest gains in teh elections, but nothing like the huge gains that were predicted. a modest increase in costs She had saved a modest amount of money. 4. Revise (v) to change sth because of new information or ideas The college ...

ကိုယ့်ရဲ့ English Level ကို ဘယ်လို စစ်ကြည့်မလဲ

#Level #Test #Study #IELTS #A1 #A1+ #A2 #A2+ #B1 #B1+ #B2 #B2+ #C1 #C1+ #C2 #C2+ IELTS/TOEFL/TOEIC/Cambridge Exam/PTE တွေ ဖြေဖို့ ပြင်ဆင်တဲ့အခါ ကိုယ့် Level လောက် မမြင့်တဲ့ စာအုပ်တွေနဲ့ လေ့ကျင့်နေရင် သိပ်ပြီး ထူးခြားလာမှာ မဟုတ်ပါဘူး။ အမြင့်ကို ရောက်ချင်ရင် အထက်ကို တက်ရမှာပါ။ ဆိုတော့ အမှန်က ကိုယ့် Level နဲ့ ကိုက်ညီတဲ့၊ ကိုယ့် Level ထက် တစ်ဆင့်ပဲ ပိုမြင့်တဲ့ (ဥပမာ- ကိုယ်က B1 ဆိုရင် B1+ ဒါမှမဟုတ် B2) စာအုပ်တွေနဲ့ လေ့ကျင့်ဖို့ အတော်လေး အရေးကြီးပါတယ်။ ဒါမှပဲ ကိုယ့်အရည်အသွေးက အဆင့် မြင့်လာမှာပါ။ ဒါကို သတိတရ ပြောရတာကတော့ တစ်ခါတုန်းက ဆရာမတစ်ဦးနဲ့ ကြုံဖူးပါတယ်။ သူ့ဆီက အကူအညီတောင်းစရာရှိလို့ စကားစပ်မိကြရင်း သူက သူ့ဆီမှာ ရှိတဲ့ IELTS စာအုပ်တွေကို ကိုယ်အသုံးကျရင် ယူဖို့ ပြောပါတယ်။ အဲဒီအချိန် သူရောကိုယ်ရော B1+ ဒါမှမဟုတ် B2 ထဲ ရောက်နေပါပြီ။ (အခုလည်း B2+ လောက်တော့ ရှိကောင်းပါသေးရဲ့။) ဒါပေမဲ့ သူ ပြတဲ့ စာအုပ်တွေက A2+ / B1 လောက်ပဲ ရှိနေပါတယ်။ သူက ဒါကို သတိမပြုမိပါဘူး။ ကိုယ်ပြောမှ သူလည်း သတိထားမိသွားတာပါ။ ကိုယ် မပြောမိရင် သူ့ခမျာ လွယ်တဲ့ စာအုပ်တွေနဲ့ပဲ "ငါ တယ်တော်နေပါလား"လို့ ထင်နေရှာမှာပါ။ ကဲ ...

ဘာသာစကားတစ်ခုကို သင်တဲ့အခါ ခြွင်းချက်ထားလို့ မရ။ အကုန် သင်ရမယ်။

TOEFL/IELTS/Cambridge Exams/PTE အစရှိတဲ့ ဘာသာစကား စာမေးပွဲတွေ ဖြေခဲ့သူတွေနဲ့ စကားပြောတဲ့အခါတိုင်း အထက်က စကားကို ကြားရလေ့ ရှိပါတယ်။ အဲဒီအချိန်တွေတုန်းက သိပ်ပြီး သတိမထားမိပါဘူး။ ဒါပေမဲ့ ကိုယ်တိုင် ဖြေပြီးတဲ့နောက်မှာ အဲဒီစကားက အတော်လေး မှန်တယ်ဆိုတာကို သိလာရပါတယ်။ ကိုယ်ပိုင် တွေ့ကြုံပြီးပြီဆိုတော့ နောက်လူတွေ ထပ် မမှားသင့်တဲ့ အမှားတွေဖြစ်လို့ ပြောပါရစေဦး။ ကိုယ်တိုင် အင်္ဂလိပ်စာတွေ သင်ယူတဲ့အခါမှာရော၊ ဆရာဖြစ်လို့ သင်ပေးတဲ့အခါမှာပါ တချို့ အကြောင်းအရာတွေကို မသိမသာရော၊ သိသိသာသာပါ ချန်ထား၊ ကျော်ထားခဲ့လေ့ ရှိခဲ့ပါတယ်။ "ဒါတွေကတော့ ငါ ပြောဖြစ်မှာ မဟုတ်ပါဘူး"ဆိုတဲ့ စိတ်ထားနဲ့ ခြွင်းချက် ထားခဲ့တာတွေပါ။ ကိုယ်တွေ့ ဥပမာ ပြရရင် - အစားအသောက်၊ ဟိုတယ်၊ အဝတ်အစား စသည်ဖြင့်။ ကိုယ်ကိုယ်တိုင်က အဲဒီအကြောင်းအရာတွေကို စိတ်မဝင်စားတာကြောင့်ရော၊ အဲဒါမျိုးတွေ ပြောနေတာ/ရေးနေတာတွေကို ကလေးကလားဆန်တယ်ဆိုတဲ့ အတွေးကြောင့်ရော ချန်လှပ်ထားခဲ့မိတာပါ။ တကယ်ကျတော့ အဲဒါ အမှားကြီး မှားပါတယ်။ ပြီးခဲ့တဲ့ IELTS စာမေးပွဲ ဖြေမလို့လုပ်တုန်း Speaking ပိုင်းတွေ လေ့ကျင့်တဲ့အခါ 'ဟိုတယ်'အကြောင်း ပြောဖို့ ပါလာပါတယ်။ ကိုယ့်မှာက အဲ...