#EMI #CPD #TeacherTraining " ငြိမ်းချမ်းပါစေ မြန်မာပြည် "လို့ အရင်ဆုံး ဆုတောင်းပါတယ်။ ဗုဒ္ဓဘာသာ အခမ်းအနားတွေ စတဲ့အခါ 'နမော တဿ'နဲ့ အစချီလေ့ရှိသလို Feb 1 နောက်ပိုင်းကတည်းက "ငြိမ်းချမ်းပါစေ မြန်မာပြည်"လို့ ဆုတောင်းရတာလည်း အခါခါ။ " ဆု မတောင်းလင့်၊ အမှောင်ထုက လင်းလာလိမ့်မည် မဟုတ် "ဆိုတဲ့ The Light of Asia ဘာသာပြန်ကလည်း ဦးနှောက်ကို တဆွဆွ။ ဒီအချိန်မှာ ဘာစာမှ မရေးဖို့ ဆုံးဖြတ်ထားပေမဲ့ ကိုယ်တစ်ယောက်တည်း ပျင်းလာတော့လည်း မနေနိုင်တော့လို့ပါ။ ကဲ၊ ထားပါတော့။ ငြိမ်းချမ်းပါစေ မြန်မာပြည်။ EMI အကြောင်းကို လွန်ခဲ့တဲ့ ၂၀၁၈/၂၀၁၉ လောက်တုန်းက စ ကြားဖူးတာပါ။ ဘာသာရပ်ကိုတွေကို English Medium နဲ့ သင်တဲ့အကြောင်း။ (Content + Language နှစ်မျိုးလုံး သင်ပေးတဲ့ CLIL ကို ပြောတာ မဟုတ်ပါဘူး။) ကိုယ်တို့ဆီမှာ Buddhist Studies ပိုင်းတွေကို သင်ပေးတာတွေ ရှိနေတာမို့ အကျိုးအကြောင်း သိရအောင် အင်တာနက်ပေါ် ရှာကြည့်မိတော့ Cambridge က ပို့ချတာတစ်ခုလောက်ပဲ သိသိသာသာ တွေ့ရပါတယ်။ တခြားနေရာတွေမှာ ပို့ချပေးတာ မတွေ့ရပါဘူး။ ကိုယ် မနှံ့စပ်တာလည်း ဖြစ်နိုင်ပါတယ်။ ဒါတောင်မှ ပညာရေးအဖွဲ့အစည်းတစ်ခုက တောင်းဆို...