2022-5-28 ရက်နေ့က ဖြေခဲ့တာပါ။ 2022-06-10 ရက်နေ့မှာ Result ကို Website ကနေ သိရပါတယ်။ 2022-06-22 ရက်နေ့မှပဲ IELTS TRF (Test Report Form) ကို ရပါတယ်။ ရလဒ်ကတော့ ပုံထဲမှာ မြင်တဲ့အတိုင်းပါပဲ။ Listening 6.5 Reading 6.5 Writing 6.0 Speaking 5.5 Overall 6.0 ရလဒ် ထွက်ပြီးတဲ့နောက် ကိုယ် ဖြေခဲ့တဲ့အပိုင်းတွေကို အခုလို ပြန် တွေးတော ဆင်ခြင်မိပါတယ်။ နောက်ထပ် ဖြေစရာရှိရင် ရှောင်စရာရှိတာ ရှောင်နိုင်ဖို့ပါ။ ဖြေရှင်းနည်းကတော့ ရှင်းရှင်းလေးပါပဲ။ အားနည်းတဲ့ အပိုင်းတွေ ရှာ၊ ဖြည့်ဆည်းဖို့။ အမှတ် ရတာ နည်းလွန်းတဲ့ မေးခွန်းတွေ ရှာ၊ နည်းလမ်း ရှာဖို့ပါ။ Listening 6.5 အပေါ်ဆုံး စစချင်းမှာပဲ Listening 6.5 ကို မြင်လိုက်ကတည်းက အတော်လေး စိတ် ပျက်မိသွားတာ အမှန်ပါ။ အရင် ပို့စ်မှာ ရေးခဲ့သလို အတော်လေး ဖြေနိုင်ခဲ့တယ်လို့ ထင်ထားခဲ့တာပါ။ ဒီတော့ အနည်းဆုံး 7.0 အောက်တော့ မရောက်လောက်ဘူးလို့ မျှော်လင့်ခဲ့မိပါတယ်။ ဒါပေမဲ့ မြင်တဲ့အတိုင်းပါပဲ။ ကြည့်ရတာတော့ မှန်မယ်လို့ ထင်ခဲ့တာတွေက မှားသွားတာပဲ ဖြစ်မှာပေါ့လေ။ အထူးသဖြင့် Part 3 ရဲ့ MCQ တွေက အတော်လေး ဒုက္ခပေးနိုင်တယ်လို့ ထင်မိပါတယ်။ Reading 6.5 ဒါကတ...