Skip to main content

Posts

Showing posts with the label Ebooks

ကိုယ်နဲ့ သင့်တော်မဲ့ Coursebook ကို ဘယ်လို ရွေးမလဲ

#Coursebooks #Level (ပို့စ်တစ်ခုမှာ Comment ပေးထားခဲ့တဲ့စာကို ပြင်ဆင် တင်ပြတာပါ။) Course book တွေ အကုန်လုံးကို အတွေ့အကြုံ ရှိပြီးသား ဆရာ/မတွေက ရေးထားကြတာပါ။ အဲဒါကြောင့် အကုန်လုံး ကောင်းကြပါတယ်။ ဒါပေမဲ့ စာအုပ်တွေ ဝယ်တော့မယ်ဆိုရင် စဉ်းစားဖို့လိုတဲ့ အချက်တွေ ရှိပါတယ်။ အဲဒါတွေကတော့ ၁။ နယ်ပယ်ရွေးခြင်း ၂။ Level ရွေးခြင်း ၃။ အကြိုက်ရွေးခြင်း -လို့ ၃ ပိုင်း ရှိပါတယ်။ ၁။ နယ်ပယ် ရွေးခြင်း   ကိုယ်က IELTS/TOEFL/TOEIC/Cambridge Exam စတဲ့ Exam Format တွေအတိုင်း လေ့လာချင်တာလား။ ဒါမှမဟုတ် သာမန် General English ကိုပဲ မြှင့်ချင်တာလား၊ ဒါမှမဟုတ် TOEIC/Business English လိုင်းကို သွားချင်တာလား - အစရှိတဲ့ နယ်ပယ်တွေထဲက ကိုယ်သွားချင်တဲ့ နယ်ပယ်ကို အရင်ဆုံး ရွေးချယ်ရမှာပါ။ တစ်ခုခု ရွေးချယ်ပြီးပြီဆိုရင် ဒီနယ်ပယ်က စာအုပ်တွေကို ဦးစားပေးပြီး ရွေးရမှာပါ။ ကိုယ်သွားချင်တာက Business English, ဒါပေမဲ့ ရွေးလိုက်မိတဲ့ စာအုပ်က EAP (English for Academic Purpose) ဆိုရင် ခုတ်ရာတခြား ရှရာတလွဲ ဖြစ်မှာပါ။ ၂။ Level ရွေးခြင်း - (က) ကိုယ်က တိုးတက်ချင်တာ ဖြစ်တဲ့အတွက် ကိုယ့် Level ထက် နည်းနည်းလေး ပိုမြင့်တဲ့ စာအုပ်ကို ဝယ်ဖို့၊ လေ့...