Skip to main content

Posts

Showing posts with the label Skills

IELTS ဖြေပြီးတဲ့နောက် သိလာရတဲ့ အရာတွေ

#IELTS #Self-study #Listening #Reading #Writing #Speaking #Resource #OnlineCourse #Website #Language #Skills #Systems #Format . Speaking - Online (2022-05-25) Listening, Reading, Writing - Paper-based (2022-05-28) . . 2022-05-12 မှာ ဟောင်ကောင်တက္ကသိုလ် ကျောင်းဝင်ခွင့်အတွက် English language requirement လိုအပ်တယ်လို့ အကြောင်းကြားစာ လာပါတယ်။ ဒါနဲ့ ချက်ချင်းပဲ စာရင်းသွင်းပြီး ဖြေဖြစ်သွားတာပါ။ Hard copy စာရွက်စာတမ်းတွေ ဟောင်ကောင်ကို ပို့ရမှာတွေ၊ အဲဒီနောက်မှာ ပါလာမဲ့ ဗီဇာကိစ္စတွေ စသည်ကြောင့် အချိန်တွေ တွက်ဆပြီး မြန်မြန် လုပ်ဖြစ်သွားတဲ့သဘောပါ။ စာလုပ်ချိန် ၂ ပတ်လောက်ပဲ ရတယ်ဆိုပါတော့။ အမှန်က အင်္ဂလိပ်စာနဲ့ ဝေးနေတာ အတော်လေးတောင် ကြာသွားပါပြီ။ Exam အတွက်ရော English Skills & Systems တွေကိုပါ သီးသန့် မလုပ်ဘဲ ပစ်ထားလိုက်တာကြောင့်ပါ။ ကိုယ်နေတဲ့ နေရာမှာ အင်္ဂလိပ်အရည်အသွေးက "While residing at the Jetavana monastery..." လောက် ရရင် တစ်သက်တာလုံး ဒူးနန့် ထိုင်စားရတဲ့သဘော ရှိတယ်ဆိုတာ သိလိုက်ရတာကြောင့် ကြောင့်ကြစိုက်တဲ့ စိတ် မထားတော့တာကြောင့်ပါ။ ကဲပါလေ၊ ဝေဒနာတွေကို ထားလိုက်ပါတော့။ 2022-05-25 မှ...

The Intermediate Plateau

#improve #B1 B2 #pre_inter #inter #upper_inter #post_inter #IELTS #Skills 'Plateau' ဆိုတဲ့ စကားလုံးမှာ ဖွင့်ဆိုချက် ၂ မျိုး ရှိပါတယ်။ တစ်ခုက 'ကုန်းပြင်မြင့်'ကို ခေါ်တာပါ။ အမှန်က  သူ့ဘေးက ကုန်းမြေတွေထက် မြင့်တဲ့ နေရာကို ခေါ်လိုက်တာပါ။ တကယ်ကျတော့ သူ့ထက် မြင့်တဲ့ နေရာတွေက ရှိနေပါသေးတယ်။ ဒုတိယဖွင့်ဆိုချက်က အဲဒီ ပထမဖွင့်ဆိုချက်ကို အခြေပြုပြီး သုံးစွဲလာကြဟန် တူပါတယ်။ အဲဒါက 'တိုးတက်မှု နည်းနည်းလေးပဲ ရှိတဲ့အချိန်၊ တိုးတက်မှုတွေ ရပ်တန့်သွားတဲ့ အချိန်'လို့ ဆိုပါတယ်။ တဖြည်းဖြည်းချင်း တိုးတက်လာနေတာကနေ အဲဒီအချိန်လည်းရောက်ရော တိုးတက်မှုက ရပ်တန့်သွားရော-လို့ ပြောချင်တာပါ။ အဘိဓာန်တွေမှာဆိုရင် ပုံလေးနဲ့ ပြထားတာ ရှိပါတယ်။ ရှာဖွေ ကြည့်လိုက်ရင် ပို သဘောပေါက်လွယ်မှာပါ။ Intermediate Plateau ဆိုတာ ပညာရပ်တစ်ခု သင်တဲ့နေရာမှာ တိုးတက်မှု ရှိတယ်လို့ မထင်ရဘဲ ရပ်တန့်သွားသလို ဖြစ်တဲ့ကာလကို ဆိုလိုတာပါ။ ဘာသာစကားတစ်ခု သင်တဲ့အခါ အစောပိုင်း အချိန်တွေမှာ တိုးတက်မှုက မြင့်မား ပါသတဲ့။ နောက်ပိုင်း အဆင့်တစ်ခုကို ရောက်မှ တိုးတက်မှု နှေးသွားလေ့ ရှိပါသတဲ့။ ကိုယ်တို့ မဟာတန်းရောက်တော့ ကိုယ့်ရဲ့ အင်္ဂလိပ်စာ...

Writing လေ့ကျင့်တဲ့နည်း ၃ နည်း

#Writing #Improve #IELTS #Skills ၁။ လူတော်နည်း ၂။ လူပျော်နည်း ၃။ လူပျင်းနည်း -ဆိုပြီး ကိုယ့်စိတ်ကူးနဲ့ကိုယ် ၃ နည်း ခွဲထားပါတယ်။ ဘယ်သူမှ သတ်မှတ်ပေးတာ မဟုတ်ပါဘူး။ ကိုယ်ကိုယ်တိုင် သုံးဖူးတဲ့ နည်းတွေပါ။ ၁။ လူတော်နည်း ဒါကတော့ ကိုယ်ဖြေမဲ့ စာမေးပွဲရဲ့ အချိန်သတ်မှတ်ချက်အတိုင်း ဖြေဆိုကြည့်ပြီး ပြင်ဆင်တဲ့ နည်းပါ။ ၂ ပိုင်း ပါတယ်လို့ ပြောရပါမယ်။ နမူနာ ပြောရရင် IELTS Writing Task 2 ဟာ အချိန်အားဖြင့် မိနစ် ၄၀ စာ သတ်မှတ်ပါတယ်။ ဒီတော့  IELTS Writing Task 2 ကို လေ့ကျင့်တဲ့အခါ မိနစ် ၄၀ အတိအကျ သတ်မှတ်ထားပြီး အဲဒီအချိန်အတွင်း အပြီးအပြတ် ဖြေဆိုတာပါ။ အချိန်ပို မယူပါဘူး။ အဘိဓာန် မသုံးပါဘူး။ ကြားဖြတ် နားနေတာမျိုး မလုပ်ပါဘူး။ ဒီနည်းလမ်းကို စာမေးပွဲ  ဖြေကာနီးသူတွေ လေ့ကျင့်ကြပါတယ်။ Exam Timeframe အတိုင်း ဖြေနိုင်အောင် ကြိုးစားကြတာပါ။ ဖြေဆိုပြီးတဲ့အခါ တကယ် လေ့ကျင့်ကြသူတွေမှာတော့ ဆရာတွေက စစ်ဆေးပေးပြီး ကိုယ်ရနိုင်လောက်တဲ့ အမှတ်ကို ပြောပြပေးပါတယ်။ ဒါတင်မက ပြင်ဆင်ချက်၊ ဖြည့်စွက်ချက် လိုအပ်တာတွေကိုလည်း ပြောပြပေးပါတယ်။ ဒါမှမဟုတ် စစ်ပေးမဲ့ ဆရာ/ကိုယ့်ထက်တော်သူ မရှိဘူးဆိုရင်တော့ ကိုယ့်ဘာသာ ပြန်စစ်ပြီး ကိုယ်တိုင်ပ...

Listening Skill တိုးတက်အောင် ဘယ်လို လေ့ကျင့်ကြမလဲ။

#A1 #A1+ #A2 #A2+ #B1 #B1+ #B2 #B2+ #C1 #C1+ #C2 #C2+ #IELTS #Listening #Skills #Improve မှတ်မိသလောက် ပြန်ပြောရရင် IELTS စာအုပ် တစ်အုပ်ထဲမှာ ဖတ်ဖူးခဲ့တာက Listening Skill ဟာ တိုးတက်မှုအနှေးဆုံး Skill ပါတဲ့။ ဒီ Skill အတွက် လေ့ကျင့်မှုက ၂ ဆလောက် လိုပါသတဲ့။ ဥပမာ ပြောရရင် တခြား Skill တွေမှာ ၁၀ နာရီ လေ့ကျင့်လို့ Skill က ၂% တက်လာတယ်ဆိုရင် Listening Skill မှာကျတော့ ၁၀ နာရီလေ့ကျင့်ရင် Skill က ၁% ပဲ တက်လာတာပါတဲ့။ နာရီ ၂၀ လောက် လေ့ကျင့်မှ သူက ၂% တက်လာမှာပါတဲ့။ ဆိုလိုတာက လေ့ကျင့်မှု ပိုမို လိုအပ်တဲ့သဘောပါ။ လေ့ကျင့်နည်းတွေနဲ့ ပတ်သက်ပြီး ကိုယ့်စတိုင်နဲ့ကိုယ် အများကြီး ရှိလိမ့်မယ် ထင်ပါတယ်။ အခုဟာတွေက ကိုယ်တိုင် သုံးနေတဲ့ စနစ်တွေပါ။ သူများအတွက် အကျိုးရှိ/မရှိ မသေချာပေမဲ့ ကိုယ့်အတွက်တော့ အများကြီး အထောက်အကူ ရပါတယ်။ ဒါ့ကြောင့်လည်း ဖြန့်ဝေပေးတာပါ။ ၁။ မျိုးစုံ နားထောင်ပါ။ မျိုးစုံဆိုတာက Level (အဆင့်) စုံဖို့၊ အကြောင်းအရာ (Content) စုံဖို့၊ Graded သာမက Authentic Material တွေပါ စုံဖို့ ပြောတာပါ။ တချို့က ကိုယ်က B2 Level ထဲ ရောက်နေပြီဆိုရင် B2 Level အသံဖိုင်တွေကိုပဲ နားထောင်လေ့ရှိပါတယ်။ တကယ်က B1, B2, C1 တွေထဲ...