Skip to main content

The Intermediate Plateau

#improve #B1 B2 #pre_inter #inter #upper_inter #post_inter #IELTS #Skills


'Plateau' ဆိုတဲ့ စကားလုံးမှာ ဖွင့်ဆိုချက် ၂ မျိုး ရှိပါတယ်။ တစ်ခုက 'ကုန်းပြင်မြင့်'ကို ခေါ်တာပါ။ အမှန်က  သူ့ဘေးက ကုန်းမြေတွေထက် မြင့်တဲ့ နေရာကို ခေါ်လိုက်တာပါ။ တကယ်ကျတော့ သူ့ထက် မြင့်တဲ့ နေရာတွေက ရှိနေပါသေးတယ်။ ဒုတိယဖွင့်ဆိုချက်က အဲဒီ ပထမဖွင့်ဆိုချက်ကို အခြေပြုပြီး သုံးစွဲလာကြဟန် တူပါတယ်။ အဲဒါက 'တိုးတက်မှု နည်းနည်းလေးပဲ ရှိတဲ့အချိန်၊ တိုးတက်မှုတွေ ရပ်တန့်သွားတဲ့ အချိန်'လို့ ဆိုပါတယ်။ တဖြည်းဖြည်းချင်း တိုးတက်လာနေတာကနေ အဲဒီအချိန်လည်းရောက်ရော တိုးတက်မှုက ရပ်တန့်သွားရော-လို့ ပြောချင်တာပါ။ အဘိဓာန်တွေမှာဆိုရင် ပုံလေးနဲ့ ပြထားတာ ရှိပါတယ်။ ရှာဖွေ ကြည့်လိုက်ရင် ပို သဘောပေါက်လွယ်မှာပါ။

Intermediate Plateau ဆိုတာ ပညာရပ်တစ်ခု သင်တဲ့နေရာမှာ တိုးတက်မှု ရှိတယ်လို့ မထင်ရဘဲ ရပ်တန့်သွားသလို ဖြစ်တဲ့ကာလကို ဆိုလိုတာပါ။ ဘာသာစကားတစ်ခု သင်တဲ့အခါ အစောပိုင်း အချိန်တွေမှာ တိုးတက်မှုက မြင့်မား ပါသတဲ့။ နောက်ပိုင်း အဆင့်တစ်ခုကို ရောက်မှ တိုးတက်မှု နှေးသွားလေ့ ရှိပါသတဲ့။ ကိုယ်တို့ မဟာတန်းရောက်တော့ ကိုယ့်ရဲ့ အင်္ဂလိပ်စာက တိုးတက် မလာဘူးလို့  ကိုယ်တိုင် ခံစားခဲ့ရတာ အမှန်ပါ။ နောက်ပိုင်းမှာ မဟာတန်းကျောင်းသားတချို့နဲ့ ပြောဖြစ်တော့လည်း သူတို့က အတူတူပဲ ရင်ဖွင့်ကြပါတယ်။ အင်တာနက်မှာ ရှာဖတ်ကြည့်တော့ B1 & B2 Level ရောက်တဲ့ ကျောင်းသားတွေ အတော်များများ ဒီလိုပဲ ခံစားကြရဟန် တူပါတယ်။ 'ဒီအဆင့်ကနေ ရှေ့ကို ရောက်ပါဦးတော့မှာလား။ Skill တွေ မြင့်လာအောင် ဘယ်လို လုပ်ရမှာလဲ။ လက်လျှော့လိုက်ရရင် ကောင်းလေမလား"စသည်ဖြင့် တွေးမိကြပါသတဲ့။

ဆက်စပ်လို့ ကြားဖူးတာလေး ပြောရရင် Professional အဖြစ် ဝိတ်မတဲ့ သူတွေဟာ ရက်အနည်းငယ်အတွင်း လေ့ကျင့်ရုံနဲ့ အလေးချိန်ပေါင် အတော်အသင့်ကို မ,နိုင်ကြပါသတဲ့။ ဒါပေမဲ့ အတော်လေး မ,နိုင်လာတဲ့အခါမှာတော့ တစ်အောင်စ၊နှစ်အောင်စလောက် ပိုပြီး မ,လာနိုင်အောင် ရက်တွေအများကြီး လေ့ကျင့်ရတယ်လို့ ဆိုပါတယ်။ အတော်လေး ခက်ခက်ခဲခဲ ကြိုးစားရပါသတဲ့။ ကိုယ်တိုင် ကြုံဖူးတာကတော့ လမ်းလျှောက်လေ့ကျင့်ခန်း လုပ်တာပါ။ တစ်ချိန်တစ်ချိန်မှာ မိနစ် ၃၀၊ မိနစ် ၄၀ လောက် တောက်လျှောက် လမ်းလျှောက်နိုင်ဖို့က မခက်လှပါဘူး။ ဒါပေမဲ့ အဲဒီကနေ အချိန်တိုးပြီး နောက်ထပ် ၁၀ မိနစ်တိုးပြီး မိနစ် ၅၀၊ နောက်ထပ် မိနစ် ၂၀ တိုးပြီး တစ်နာရီ တစ်ဆက်တည်း လမ်းလျှောက်ဖို့ အတော်လေး လေ့ကျင့်ရပါတယ်။ ပြောချင်တာကတော့ အမြင့်ပိုင်းရောက်လေ၊ တိုးတက်မှုက နှေးကွေးလေ-ဆိုတာ တွေ့လာရတာပါ။ ထားပါတော့။

ဒါနဲ့ Intermediate Plateau ကိစ္စ ဖြေရှင်းနည်းကို အင်တာနက်မှာ ရှာကြည့်တော့ ဟောဒီ ညွှန်ကြားချက်ကို တွေ့ပါတယ်။ အဲဒီညွှန်ကြားချက်ကို ကိုယ့်စိတ်ကူးနဲ့ ရောနှောပြီး ပြောရရင် - ညွှန်ကြားချက်က အထူးအဆန်းတော့ မဟုတ်ပါဘူး။

၁။ ရှေ့ဆက်ဖို့နဲ့
၂။ အပြောင်းအလဲလုပ်ဖို့
-လိုအပ်တာပါတဲ့။

အကြမ်းဖျင်း ပြောရရင် (အပြည့်အစုံ သိချင်ရင် မူရင်း ပို့စ်ကို ဖတ်ပေးပါ။) 'ရှေ့ဆက်ဖို့'ဆိုတာ နဂို ရှိထားတဲ့ သင်ယူချင်စိတ်တွေ ပျောက်မသွားစေနဲ့လို့ ပြောတာပါ။ 'အပြောင်းအလဲလုပ်ဖို့'ဆိုတာကတော့ ကိုယ်သုံးတဲ့ စာအုပ်တွေ၊ Application တွေ (ခြုံပြောရရင် Material တွေ)နဲ့ လေ့လာတဲ့ နည်းလမ်း(Method)တွေကို ပြောင်းလဲပေးဖို့ပါ။ (ကိုယ်နဲ့ သိတဲ့ ဆရာတစ်ယောက်ဆိုရင် ပထမ သူ့ကျောင်းသားတွေကို B1 သင်ပေးပါတယ်။ အဲဒီနောက် တစ်ဆက်တည်း B2 ကို မသွားဘဲ B1 Business ကို သင်ပေးပါသတဲ့။ ဆရာမတစ်ယောက်ကတော့ B1 Coursebook တစ်အုပ် သင်ပေးပြီးတဲ့နောက် တခြား B1 Coursebook ကို ပြောင်းပြီး သင်ပေးပါသတဲ့။ “Coursebook တစ်အုပ်လောက် သင်ရုံနဲ့ Level က မတက်ဘူး"လို့ သူတို့ ပြောကြပါတယ်။ ဒါက Material ပြောင်းတာပါပဲ။) နောက်ပြီးတော့ များသောအားဖြင့် အဆင့်မြင့်လာရင် (အဆင့် မြင့်ချင်တယ်ဆိုရင်) Coursebook လောကကိုပဲ မှီတွယ်မနေဖို့ ညွှန်းပါတယ်။ သင်တန်းကပေးတဲ့ စာအုပ်လောက်နဲ့ပဲ တင်းတိမ်မနေဘဲ အပြင်လောကမှာ တကယ်တွေ့နေရတဲ့ (Authentic Material) သတင်းစာ၊ မဂ္ဂဇင်း၊ ရသ၊ သုတ စတာတွေကို ဖတ်ဖို့ ပြောကြပါတယ်။ အဲဒီပို့စ်ထဲမှာ နောက်ဆုံး ပြောထားတာက 'အကောင်းဆုံး နည်းလမ်းကတော့ သင်ယူထားတာတွေကို အသုံးချပေးဖို့'ပါတဲ့။ ဟုတ်ပါတယ်။ တကယ်လက်တွေ့မှာက Productive Skill တွေ ဘယ်လောက်ပဲကောင်းကောင်း Receptive Skill တွေကို ပြနိုင်ပါမှ ပွဲတိုးတာပါ။

မူရင်းပို့စ်က ဟောဒီမှာပါ။ - https://www.teachingenglish.org.uk/blogs/corinna-keefe/ideas-beating-b2-plateau ဖြစ်နိုင်ရင်တော့ အဲဒီ Website ထဲက Search box မှာ ‘Intermediate Plateau’ လို့ ရှာလိုက်ရင် ဆောင်းပါးတွေ အများကြီး တွေ့ပါလိမ့်မယ်။ အတွေ့အကြုံရှိ ဆရာ/မတွေက ရေးထားတာမို့ ယုံကြည်ထိုက်တာတွေပါ။ အဲဒီထဲက "5 ways to overcome the Intermediate Plateau  https://www.teachingenglish.org.uk/blogs/alexei-kiselev/5-ways-overcome-intermediate-plateau ”ဆိုတဲ့ ဆောင်းပါးကို ဖတ်ဖြစ်အောင် ဖတ်ဖို့ တိုက်တွန်းပါတယ်။

အဆင်ပြေကြပါစေ။
ငြိမ်းချမ်းပါစေ မြန်မာပြည်
အေးချမ်းပါစေ ကမ္ဘာမြေ

A batch 7th TESOLer
Mandalay TESOL Centre

Comments

Popular posts from this blog

US Jobless Rate Rises While Job Growth Slows (Business)

By VOA News https://www.voanews.com/usa/us-jobless-rate-rises-while-job-growth-slows #C2+ #IELTS #Reading #VOA #Business 1. Nonfarm (adj) relating to economic activities not associated with farming 2. Payroll (n) (A) a list of people employed by a company showing the amount of money to be paid to each of them We have 500 people on the payroll. Manufacturing payrolls have dropped by 16,000. (B) (usually singular) the total amount paid in wages by a company The firm is growing fast with a montly payroll of $1 million. They have an annual payroll of #23 million. 3. Modest (adj) not very large, expensive, important, etc. modest improvement/reforms He charged a relatively modest fee. a modest little house The research was carried out on a modest scale. The party made modest gains in teh elections, but nothing like the huge gains that were predicted. a modest increase in costs She had saved a modest amount of money. 4. Revise (v) to change sth because of new information or ideas The college ...

ကိုယ့်ရဲ့ English Level ကို ဘယ်လို စစ်ကြည့်မလဲ

#Level #Test #Study #IELTS #A1 #A1+ #A2 #A2+ #B1 #B1+ #B2 #B2+ #C1 #C1+ #C2 #C2+ IELTS/TOEFL/TOEIC/Cambridge Exam/PTE တွေ ဖြေဖို့ ပြင်ဆင်တဲ့အခါ ကိုယ့် Level လောက် မမြင့်တဲ့ စာအုပ်တွေနဲ့ လေ့ကျင့်နေရင် သိပ်ပြီး ထူးခြားလာမှာ မဟုတ်ပါဘူး။ အမြင့်ကို ရောက်ချင်ရင် အထက်ကို တက်ရမှာပါ။ ဆိုတော့ အမှန်က ကိုယ့် Level နဲ့ ကိုက်ညီတဲ့၊ ကိုယ့် Level ထက် တစ်ဆင့်ပဲ ပိုမြင့်တဲ့ (ဥပမာ- ကိုယ်က B1 ဆိုရင် B1+ ဒါမှမဟုတ် B2) စာအုပ်တွေနဲ့ လေ့ကျင့်ဖို့ အတော်လေး အရေးကြီးပါတယ်။ ဒါမှပဲ ကိုယ့်အရည်အသွေးက အဆင့် မြင့်လာမှာပါ။ ဒါကို သတိတရ ပြောရတာကတော့ တစ်ခါတုန်းက ဆရာမတစ်ဦးနဲ့ ကြုံဖူးပါတယ်။ သူ့ဆီက အကူအညီတောင်းစရာရှိလို့ စကားစပ်မိကြရင်း သူက သူ့ဆီမှာ ရှိတဲ့ IELTS စာအုပ်တွေကို ကိုယ်အသုံးကျရင် ယူဖို့ ပြောပါတယ်။ အဲဒီအချိန် သူရောကိုယ်ရော B1+ ဒါမှမဟုတ် B2 ထဲ ရောက်နေပါပြီ။ (အခုလည်း B2+ လောက်တော့ ရှိကောင်းပါသေးရဲ့။) ဒါပေမဲ့ သူ ပြတဲ့ စာအုပ်တွေက A2+ / B1 လောက်ပဲ ရှိနေပါတယ်။ သူက ဒါကို သတိမပြုမိပါဘူး။ ကိုယ်ပြောမှ သူလည်း သတိထားမိသွားတာပါ။ ကိုယ် မပြောမိရင် သူ့ခမျာ လွယ်တဲ့ စာအုပ်တွေနဲ့ပဲ "ငါ တယ်တော်နေပါလား"လို့ ထင်နေရှာမှာပါ။ ကဲ ...

ဘာသာစကားတစ်ခုကို သင်တဲ့အခါ ခြွင်းချက်ထားလို့ မရ။ အကုန် သင်ရမယ်။

TOEFL/IELTS/Cambridge Exams/PTE အစရှိတဲ့ ဘာသာစကား စာမေးပွဲတွေ ဖြေခဲ့သူတွေနဲ့ စကားပြောတဲ့အခါတိုင်း အထက်က စကားကို ကြားရလေ့ ရှိပါတယ်။ အဲဒီအချိန်တွေတုန်းက သိပ်ပြီး သတိမထားမိပါဘူး။ ဒါပေမဲ့ ကိုယ်တိုင် ဖြေပြီးတဲ့နောက်မှာ အဲဒီစကားက အတော်လေး မှန်တယ်ဆိုတာကို သိလာရပါတယ်။ ကိုယ်ပိုင် တွေ့ကြုံပြီးပြီဆိုတော့ နောက်လူတွေ ထပ် မမှားသင့်တဲ့ အမှားတွေဖြစ်လို့ ပြောပါရစေဦး။ ကိုယ်တိုင် အင်္ဂလိပ်စာတွေ သင်ယူတဲ့အခါမှာရော၊ ဆရာဖြစ်လို့ သင်ပေးတဲ့အခါမှာပါ တချို့ အကြောင်းအရာတွေကို မသိမသာရော၊ သိသိသာသာပါ ချန်ထား၊ ကျော်ထားခဲ့လေ့ ရှိခဲ့ပါတယ်။ "ဒါတွေကတော့ ငါ ပြောဖြစ်မှာ မဟုတ်ပါဘူး"ဆိုတဲ့ စိတ်ထားနဲ့ ခြွင်းချက် ထားခဲ့တာတွေပါ။ ကိုယ်တွေ့ ဥပမာ ပြရရင် - အစားအသောက်၊ ဟိုတယ်၊ အဝတ်အစား စသည်ဖြင့်။ ကိုယ်ကိုယ်တိုင်က အဲဒီအကြောင်းအရာတွေကို စိတ်မဝင်စားတာကြောင့်ရော၊ အဲဒါမျိုးတွေ ပြောနေတာ/ရေးနေတာတွေကို ကလေးကလားဆန်တယ်ဆိုတဲ့ အတွေးကြောင့်ရော ချန်လှပ်ထားခဲ့မိတာပါ။ တကယ်ကျတော့ အဲဒါ အမှားကြီး မှားပါတယ်။ ပြီးခဲ့တဲ့ IELTS စာမေးပွဲ ဖြေမလို့လုပ်တုန်း Speaking ပိုင်းတွေ လေ့ကျင့်တဲ့အခါ 'ဟိုတယ်'အကြောင်း ပြောဖို့ ပါလာပါတယ်။ ကိုယ့်မှာက အဲ...