#ELT #CPD #CELTA #TeacherTraining (" ငြိမ်းချမ်းပါစေ မြန်မာပြည် ") ဟိုတစ်နေ့က ရေမွန်ဆိုလား ကွယ်လွန်တဲ့အကြောင်း ကြားရတော့ ဘာဘာညာညာ မသိဘဲ Like & Sad တွေ နှိပ်လိုက်ရတယ်။ နောက်မှ အကျိုးအကြောင်းလေးတွေ လိုက်ဖတ်ဖြစ်တယ်။ ကိုယ်သိတာက ရေမွန်မာဖီ(Raymond Murphy) တစ်ယောက်တည်းရယ်။ ဟိုတစ်ခါတုန်းကလည်း ကံသစ်ရွာက ကလေးတွေနဲ့ တွေ့တော့ ရွှေမင်းသမီး-ဆိုလား ပြောတာ ကြားရတယ်။ အဲဒါ ဘာလဲဟ-လို့ မေးတော့ မင်းသမီး-လေတဲ့။ အော် ဟုတ်လား-လို့ ကိုယ်က ပြန်မေးရတဲ့အဖြစ်။ ကိုယ့်ကိစ္စနဲ့ကိုယ်-ဆိုတာက ကြွားဖို့ စာအုပ်တွေ စုဖြစ်တဲ့အကြောင်းပါ။ စာအုပ်ထဲက အသိတရားတွေက ဦးနှောက်ထဲ ရောက်/မရောက် မသေချာပါဘူး။ ဒါတင်မက အပြောတွေ၊ အရေးတွေနဲ့ ထုတ်ကြွားနိုင်မလားဆိုတာလည်း မသေချာပါဘူး။ အဲ... စာအုပ်တွေကတော့ ဝယ်ထားပြီး/ပရင့်ထုတ်ထားပြီးရင် စာအုပ်စင်မှာ အခန့်သား ကြွားလို့ရတာကိုး။ ဟုတ်တာ မဟုတ်တာ အပထား၊ လူ ရှိန်တာပေါ့ နော။ ကဲ ထားပါတော့။ လက်တလော ပျင်းပျင်းရှိတာနဲ့ မျှော်မော ငေးနေရတဲ့ CELTA အကြောင်း လိုက်ဖတ်တော့ ဖတ်သင့်တဲ့ စာအုပ်တွေဆိုပြီး ညွှန်းထားတာတွေ တွေ့ရပါတယ်။ တချို့စာအုပ်တွေက ကိုယ့်ဆီမှာ နဂိုကတည်းက ပရင့်ထုတ်ပြီးသား၊ ရှိပြီးသားတွေ။ စ...