Skip to main content

Posts

Showing posts with the label Writing

IELTS အဖြေ ထွက်ပြီးတဲ့နောက် ပြန်လည် ဆင်ခြင်ကြည့်ခြင်း

2022-5-28 ရက်နေ့က ဖြေခဲ့တာပါ။ 2022-06-10 ရက်နေ့မှာ Result ကို Website ကနေ သိရပါတယ်။ 2022-06-22 ရက်နေ့မှပဲ IELTS TRF (Test Report Form) ကို ရပါတယ်။ ရလဒ်ကတော့ ပုံထဲမှာ မြင်တဲ့အတိုင်းပါပဲ။  Listening 6.5 Reading 6.5 Writing 6.0 Speaking 5.5 Overall 6.0   ရလဒ် ထွက်ပြီးတဲ့နောက် ကိုယ် ဖြေခဲ့တဲ့အပိုင်းတွေကို အခုလို ပြန် တွေးတော ဆင်ခြင်မိပါတယ်။ နောက်ထပ် ဖြေစရာရှိရင် ရှောင်စရာရှိတာ ရှောင်နိုင်ဖို့ပါ။ ဖြေရှင်းနည်းကတော့ ရှင်းရှင်းလေးပါပဲ။ အားနည်းတဲ့ အပိုင်းတွေ ရှာ၊ ဖြည့်ဆည်းဖို့။ အမှတ် ရတာ နည်းလွန်းတဲ့ မေးခွန်းတွေ ရှာ၊ နည်းလမ်း ရှာဖို့ပါ။    Listening 6.5 အပေါ်ဆုံး စစချင်းမှာပဲ Listening 6.5 ကို မြင်လိုက်ကတည်းက အတော်လေး စိတ် ပျက်မိသွားတာ အမှန်ပါ။ အရင် ပို့စ်မှာ ရေးခဲ့သလို အတော်လေး ဖြေနိုင်ခဲ့တယ်လို့ ထင်ထားခဲ့တာပါ။ ဒီတော့ အနည်းဆုံး 7.0 အောက်တော့ မရောက်လောက်ဘူးလို့ မျှော်လင့်ခဲ့မိပါတယ်။ ဒါပေမဲ့ မြင်တဲ့အတိုင်းပါပဲ။ ကြည့်ရတာတော့ မှန်မယ်လို့ ထင်ခဲ့တာတွေက မှားသွားတာပဲ ဖြစ်မှာပေါ့လေ။ အထူးသဖြင့် Part 3 ရဲ့ MCQ တွေက အတော်လေး ဒုက္ခပေးနိုင်တယ်လို့ ထင်မိပါတယ်။    Reading 6.5 ဒါကတ...

IELTS ဖြေပြီးတဲ့နောက် သိလာရတဲ့ အရာတွေ

#IELTS #Self-study #Listening #Reading #Writing #Speaking #Resource #OnlineCourse #Website #Language #Skills #Systems #Format . Speaking - Online (2022-05-25) Listening, Reading, Writing - Paper-based (2022-05-28) . . 2022-05-12 မှာ ဟောင်ကောင်တက္ကသိုလ် ကျောင်းဝင်ခွင့်အတွက် English language requirement လိုအပ်တယ်လို့ အကြောင်းကြားစာ လာပါတယ်။ ဒါနဲ့ ချက်ချင်းပဲ စာရင်းသွင်းပြီး ဖြေဖြစ်သွားတာပါ။ Hard copy စာရွက်စာတမ်းတွေ ဟောင်ကောင်ကို ပို့ရမှာတွေ၊ အဲဒီနောက်မှာ ပါလာမဲ့ ဗီဇာကိစ္စတွေ စသည်ကြောင့် အချိန်တွေ တွက်ဆပြီး မြန်မြန် လုပ်ဖြစ်သွားတဲ့သဘောပါ။ စာလုပ်ချိန် ၂ ပတ်လောက်ပဲ ရတယ်ဆိုပါတော့။ အမှန်က အင်္ဂလိပ်စာနဲ့ ဝေးနေတာ အတော်လေးတောင် ကြာသွားပါပြီ။ Exam အတွက်ရော English Skills & Systems တွေကိုပါ သီးသန့် မလုပ်ဘဲ ပစ်ထားလိုက်တာကြောင့်ပါ။ ကိုယ်နေတဲ့ နေရာမှာ အင်္ဂလိပ်အရည်အသွေးက "While residing at the Jetavana monastery..." လောက် ရရင် တစ်သက်တာလုံး ဒူးနန့် ထိုင်စားရတဲ့သဘော ရှိတယ်ဆိုတာ သိလိုက်ရတာကြောင့် ကြောင့်ကြစိုက်တဲ့ စိတ် မထားတော့တာကြောင့်ပါ။ ကဲပါလေ၊ ဝေဒနာတွေကို ထားလိုက်ပါတော့။ 2022-05-25 မှ...

IELTS Writing Question Types & Score List

 Cambridge IELTS Series (7-16) ထဲက Writing Task 1 & Task 2 တွေရဲ့ - မေးခွန်းအမျိုးအစား(Question type)နဲ့ - ရမှတ်(Score)တွေကို စာရင်းလုပ်ထားတာပါ။ အမှတ်ကောင်းရတဲ့ နမူနာတွေကို စံပြုအဖြစ် လေ့လာချင်ရင် အလွယ်တကူ ရွေးချယ်ပြီး လေ့လာနိုင်အောင်လို့ပါ။ မေးခွန်းအမျိုးအစား ခွဲခြားတာတွေကတော့ Task 1 မှာ အတော်များများ တိကျပေမဲ့ Task 2 ကတော့ တိကျမှု မရှိပါဘူး။ 1-6 တွေကလည်း နည်းနည်း ဟောင်းသွားပြီမို့ စာရင်းထဲ ထည့်မထားပါဘူး။ . . အဆင်ပြေကြပါစေ ငြိမ်းချမ်းပါစေ မြန်မာပြည် အေးချမ်းပါစေ ကမ္ဘာမြေ #IELTS #Writing #Task1 #Task2 #QuestionType #Score   Task 1 BooksNo. Test 1 Test 2 Test 3 Test 4 7 5.5 table Very Good line 6.5 bar <> Very Good pie 4 8 Very Good mix=pie+table Very Good pie 3 6.0 diagram/process 8.0 line...

Writing လေ့ကျင့်တဲ့နည်း ၃ နည်း

#Writing #Improve #IELTS #Skills ၁။ လူတော်နည်း ၂။ လူပျော်နည်း ၃။ လူပျင်းနည်း -ဆိုပြီး ကိုယ့်စိတ်ကူးနဲ့ကိုယ် ၃ နည်း ခွဲထားပါတယ်။ ဘယ်သူမှ သတ်မှတ်ပေးတာ မဟုတ်ပါဘူး။ ကိုယ်ကိုယ်တိုင် သုံးဖူးတဲ့ နည်းတွေပါ။ ၁။ လူတော်နည်း ဒါကတော့ ကိုယ်ဖြေမဲ့ စာမေးပွဲရဲ့ အချိန်သတ်မှတ်ချက်အတိုင်း ဖြေဆိုကြည့်ပြီး ပြင်ဆင်တဲ့ နည်းပါ။ ၂ ပိုင်း ပါတယ်လို့ ပြောရပါမယ်။ နမူနာ ပြောရရင် IELTS Writing Task 2 ဟာ အချိန်အားဖြင့် မိနစ် ၄၀ စာ သတ်မှတ်ပါတယ်။ ဒီတော့  IELTS Writing Task 2 ကို လေ့ကျင့်တဲ့အခါ မိနစ် ၄၀ အတိအကျ သတ်မှတ်ထားပြီး အဲဒီအချိန်အတွင်း အပြီးအပြတ် ဖြေဆိုတာပါ။ အချိန်ပို မယူပါဘူး။ အဘိဓာန် မသုံးပါဘူး။ ကြားဖြတ် နားနေတာမျိုး မလုပ်ပါဘူး။ ဒီနည်းလမ်းကို စာမေးပွဲ  ဖြေကာနီးသူတွေ လေ့ကျင့်ကြပါတယ်။ Exam Timeframe အတိုင်း ဖြေနိုင်အောင် ကြိုးစားကြတာပါ။ ဖြေဆိုပြီးတဲ့အခါ တကယ် လေ့ကျင့်ကြသူတွေမှာတော့ ဆရာတွေက စစ်ဆေးပေးပြီး ကိုယ်ရနိုင်လောက်တဲ့ အမှတ်ကို ပြောပြပေးပါတယ်။ ဒါတင်မက ပြင်ဆင်ချက်၊ ဖြည့်စွက်ချက် လိုအပ်တာတွေကိုလည်း ပြောပြပေးပါတယ်။ ဒါမှမဟုတ် စစ်ပေးမဲ့ ဆရာ/ကိုယ့်ထက်တော်သူ မရှိဘူးဆိုရင်တော့ ကိုယ့်ဘာသာ ပြန်စစ်ပြီး ကိုယ်တိုင်ပ...