Skip to main content

EMI: English as a Medium of Instruction for Academics

#EMI #CPD #TeacherTraining


"ငြိမ်းချမ်းပါစေ မြန်မာပြည်"လို့ အရင်ဆုံး ဆုတောင်းပါတယ်။ ဗုဒ္ဓဘာသာ အခမ်းအနားတွေ စတဲ့အခါ 'နမော တဿ'နဲ့ အစချီလေ့ရှိသလို Feb 1 နောက်ပိုင်းကတည်းက "ငြိမ်းချမ်းပါစေ မြန်မာပြည်"လို့ ဆုတောင်းရတာလည်း အခါခါ။ "ဆု မတောင်းလင့်၊ အမှောင်ထုက လင်းလာလိမ့်မည် မဟုတ်"ဆိုတဲ့ The Light of Asia ဘာသာပြန်ကလည်း ဦးနှောက်ကို တဆွဆွ။  ဒီအချိန်မှာ ဘာစာမှ မရေးဖို့ ဆုံးဖြတ်ထားပေမဲ့ ကိုယ်တစ်ယောက်တည်း ပျင်းလာတော့လည်း မနေနိုင်တော့လို့ပါ။ ကဲ၊ ထားပါတော့။ ငြိမ်းချမ်းပါစေ မြန်မာပြည်။

EMI အကြောင်းကို လွန်ခဲ့တဲ့ ၂၀၁၈/၂၀၁၉ လောက်တုန်းက စ ကြားဖူးတာပါ။ ဘာသာရပ်ကိုတွေကို English Medium နဲ့ သင်တဲ့အကြောင်း။ (Content + Language နှစ်မျိုးလုံး သင်ပေးတဲ့ CLIL ကို ပြောတာ မဟုတ်ပါဘူး။) ကိုယ်တို့ဆီမှာ Buddhist Studies ပိုင်းတွေကို သင်ပေးတာတွေ ရှိနေတာမို့ အကျိုးအကြောင်း သိရအောင် အင်တာနက်ပေါ် ရှာကြည့်မိတော့ Cambridge က ပို့ချတာတစ်ခုလောက်ပဲ သိသိသာသာ တွေ့ရပါတယ်။ တခြားနေရာတွေမှာ ပို့ချပေးတာ မတွေ့ရပါဘူး။ ကိုယ် မနှံ့စပ်တာလည်း ဖြစ်နိုင်ပါတယ်။ ဒါတောင်မှ ပညာရေးအဖွဲ့အစည်းတစ်ခုက တောင်းဆိုတဲ့အခါမှာ Cambridge က ပညာရှင်တွေက Tailor-made စီစဉ်ပြီး ပို့ချတဲ့သဘော တွေ့ရပါတယ်။ ဆရာမတစ်ဦးကို မေးကြည့်တော့လည်း "ကြားတော့ ကြားဖူးသလိုလိုပဲဘုရား"ဆိုတာလောက်ပဲ သူလည်း ပြောနိုင်တာ။ ဖြစ်ချင်တော့ အခု ခေတ်စားနေတဲ့ Ebook တင်ပေးတဲ့ Website တွေမှာလည်း ကိုယ်က မရှာဖြစ်ခဲ့ပါဘူး။ ဒါနဲ့ EMI အကြောင်းက တစ်ခန်းရပ်သွားရော ဆိုပါစို့။

အခုတော့ FurtureLearn မှာ EMI Course တစ်ခုကို သင်ယူလို့ ရပါပြီ။ University of Southampton က ပို့ချပေးတာပါ။ သိတဲ့သူတွေလည်း သိပြီးသား ဖြစ်မှာပါ။ မသိသေးတဲ့သူတွေ သိအောင် သတင်းစကား ပါးတာပါ။ အခု ၃ ပတ်မြောက် ရောက်ပါပြီ။ သင်တန်းက ၄ ပတ် (၁၆ နာရီ) ပါ။ ကိုယ့်အဖို့တော့ တက်လိုက် ပျက်လိုက် ဖြစ်နေတာရော၊ စာတွေ နားလည်အောင် ဖတ်နေရတာရော၊ သူများရေးထားတဲ့ မှတ်ချက်တွေ ဖတ်နေတာရောကြောင့် ၃၂ နာရီသင်တန်းလို့ ပြောရမလားပဲ။ ရှုပ်ရှုပ်ထွေးထွေးကာလမှာ ခဏတာ ထွက်ပြေးဖို့ နေရာတစ်ခုလို့ ဆိုကြပါစို့။ ဟုတ်ကဲ့။ သင်တန်းလိပ်စာက


https://www.futurelearn.com/courses/emi-academics
 
A batch 7th TESOLer
Mandalay TESOL Centre

Comments

Popular posts from this blog

US Jobless Rate Rises While Job Growth Slows (Business)

By VOA News https://www.voanews.com/usa/us-jobless-rate-rises-while-job-growth-slows #C2+ #IELTS #Reading #VOA #Business 1. Nonfarm (adj) relating to economic activities not associated with farming 2. Payroll (n) (A) a list of people employed by a company showing the amount of money to be paid to each of them We have 500 people on the payroll. Manufacturing payrolls have dropped by 16,000. (B) (usually singular) the total amount paid in wages by a company The firm is growing fast with a montly payroll of $1 million. They have an annual payroll of #23 million. 3. Modest (adj) not very large, expensive, important, etc. modest improvement/reforms He charged a relatively modest fee. a modest little house The research was carried out on a modest scale. The party made modest gains in teh elections, but nothing like the huge gains that were predicted. a modest increase in costs She had saved a modest amount of money. 4. Revise (v) to change sth because of new information or ideas The college ...

ကိုယ့်ရဲ့ English Level ကို ဘယ်လို စစ်ကြည့်မလဲ

#Level #Test #Study #IELTS #A1 #A1+ #A2 #A2+ #B1 #B1+ #B2 #B2+ #C1 #C1+ #C2 #C2+ IELTS/TOEFL/TOEIC/Cambridge Exam/PTE တွေ ဖြေဖို့ ပြင်ဆင်တဲ့အခါ ကိုယ့် Level လောက် မမြင့်တဲ့ စာအုပ်တွေနဲ့ လေ့ကျင့်နေရင် သိပ်ပြီး ထူးခြားလာမှာ မဟုတ်ပါဘူး။ အမြင့်ကို ရောက်ချင်ရင် အထက်ကို တက်ရမှာပါ။ ဆိုတော့ အမှန်က ကိုယ့် Level နဲ့ ကိုက်ညီတဲ့၊ ကိုယ့် Level ထက် တစ်ဆင့်ပဲ ပိုမြင့်တဲ့ (ဥပမာ- ကိုယ်က B1 ဆိုရင် B1+ ဒါမှမဟုတ် B2) စာအုပ်တွေနဲ့ လေ့ကျင့်ဖို့ အတော်လေး အရေးကြီးပါတယ်။ ဒါမှပဲ ကိုယ့်အရည်အသွေးက အဆင့် မြင့်လာမှာပါ။ ဒါကို သတိတရ ပြောရတာကတော့ တစ်ခါတုန်းက ဆရာမတစ်ဦးနဲ့ ကြုံဖူးပါတယ်။ သူ့ဆီက အကူအညီတောင်းစရာရှိလို့ စကားစပ်မိကြရင်း သူက သူ့ဆီမှာ ရှိတဲ့ IELTS စာအုပ်တွေကို ကိုယ်အသုံးကျရင် ယူဖို့ ပြောပါတယ်။ အဲဒီအချိန် သူရောကိုယ်ရော B1+ ဒါမှမဟုတ် B2 ထဲ ရောက်နေပါပြီ။ (အခုလည်း B2+ လောက်တော့ ရှိကောင်းပါသေးရဲ့။) ဒါပေမဲ့ သူ ပြတဲ့ စာအုပ်တွေက A2+ / B1 လောက်ပဲ ရှိနေပါတယ်။ သူက ဒါကို သတိမပြုမိပါဘူး။ ကိုယ်ပြောမှ သူလည်း သတိထားမိသွားတာပါ။ ကိုယ် မပြောမိရင် သူ့ခမျာ လွယ်တဲ့ စာအုပ်တွေနဲ့ပဲ "ငါ တယ်တော်နေပါလား"လို့ ထင်နေရှာမှာပါ။ ကဲ ...

ဘာသာစကားတစ်ခုကို သင်တဲ့အခါ ခြွင်းချက်ထားလို့ မရ။ အကုန် သင်ရမယ်။

TOEFL/IELTS/Cambridge Exams/PTE အစရှိတဲ့ ဘာသာစကား စာမေးပွဲတွေ ဖြေခဲ့သူတွေနဲ့ စကားပြောတဲ့အခါတိုင်း အထက်က စကားကို ကြားရလေ့ ရှိပါတယ်။ အဲဒီအချိန်တွေတုန်းက သိပ်ပြီး သတိမထားမိပါဘူး။ ဒါပေမဲ့ ကိုယ်တိုင် ဖြေပြီးတဲ့နောက်မှာ အဲဒီစကားက အတော်လေး မှန်တယ်ဆိုတာကို သိလာရပါတယ်။ ကိုယ်ပိုင် တွေ့ကြုံပြီးပြီဆိုတော့ နောက်လူတွေ ထပ် မမှားသင့်တဲ့ အမှားတွေဖြစ်လို့ ပြောပါရစေဦး။ ကိုယ်တိုင် အင်္ဂလိပ်စာတွေ သင်ယူတဲ့အခါမှာရော၊ ဆရာဖြစ်လို့ သင်ပေးတဲ့အခါမှာပါ တချို့ အကြောင်းအရာတွေကို မသိမသာရော၊ သိသိသာသာပါ ချန်ထား၊ ကျော်ထားခဲ့လေ့ ရှိခဲ့ပါတယ်။ "ဒါတွေကတော့ ငါ ပြောဖြစ်မှာ မဟုတ်ပါဘူး"ဆိုတဲ့ စိတ်ထားနဲ့ ခြွင်းချက် ထားခဲ့တာတွေပါ။ ကိုယ်တွေ့ ဥပမာ ပြရရင် - အစားအသောက်၊ ဟိုတယ်၊ အဝတ်အစား စသည်ဖြင့်။ ကိုယ်ကိုယ်တိုင်က အဲဒီအကြောင်းအရာတွေကို စိတ်မဝင်စားတာကြောင့်ရော၊ အဲဒါမျိုးတွေ ပြောနေတာ/ရေးနေတာတွေကို ကလေးကလားဆန်တယ်ဆိုတဲ့ အတွေးကြောင့်ရော ချန်လှပ်ထားခဲ့မိတာပါ။ တကယ်ကျတော့ အဲဒါ အမှားကြီး မှားပါတယ်။ ပြီးခဲ့တဲ့ IELTS စာမေးပွဲ ဖြေမလို့လုပ်တုန်း Speaking ပိုင်းတွေ လေ့ကျင့်တဲ့အခါ 'ဟိုတယ်'အကြောင်း ပြောဖို့ ပါလာပါတယ်။ ကိုယ့်မှာက အဲ...