Skip to main content

Linking ideas

Relative clauses

#C1 #Grammar #IELTS6.5-7.5

- "Complete CAE" 2nd edition



She’s the woman

who

that

bought our car.

whose

son bought our car.

from whom

we bought our car.

They’ve got a car

which

that

runs on electricity.

This is the town

where

I grew up.

Sunday is a day

when

many people relax.

There’s no reason

why

you should be worried.


To introduce a relative clause, use who, that, whose and whom to refer to people.
လူတွေကို ရည်ညွှန်းဖို့ who, that, whose, whom တို့ကို သုံးပါ။

Note: whom is formal and is used mainly with prepositions:
မှတ်ချက် - whom က အခန့်သုံးဝေါဟာရ ဖြစ်ပါတယ်။ အဓိကအားဖြင့် Prep တွေနဲ့ တွဲ သုံးပါတယ်။

The person to whom this letter is addressed lives in Athens.

Use that and which to refer to things.
လူမဟုတ်တဲ့ အရာဝတ္ထုတွေကို ရည်ညွှန်းဖို့ that နဲ့ which ကို သုံးပါ။

Use where, meaning ‘at which’, ‘in which’ or ‘to which’, to refer to places:
နေရာတွေကို ရည်ညွှန်းဖို့အတွက် ”...နေရာမှာ/၌/တွင်/ကို/သို့" လို့ အဓိပ္ပာယ်ရတဲ့ where ကို သုံးပါ။

The village where (= in which) they live is in the middle of nowhere.
This is a restaurant where (= to which) we often go.

Use when to refer to times:
အချိန်ကာလတွေကို ရည်ညွှန်းဖို့ when ကို သုံးပါ။

I’m not sure of the date when they’re leaving.

Use why to refer to reasons:
အကြောင်းတရားကို ရည်ညွှန်းဖို့ why ကို သုံးပါ။
The reason why I’m late is that my flight was cancelled.

A relative clause can be at the end of a sentence or it can be embedded in another clause:
relative clause ဟာ ဝါကျရဲ့ အဆုံးမှာ ရှိနိုင်ပါတယ်။ ဒါမှမဟုတ် တခြား clause တစ်ခုနဲ့ တွဲနေနိုင်/ တခြား clause တစ်ခု အတွင်းမှာ ရှိနေနိုင်ပါတယ်။

Madrid is the city where I grew up.
The city where I grew up is Madrid.
Madrid, where I grew up, is the capital of Spain.

Who, that, and which can be the subject or the object of the verb in the relative clause:
who, that, which တို့ဟာ relative clause ထဲက Verb ရဲ့ Subj/Obj တွေ ဖြစ်နေနိုင်ပါတယ်။

Subject: The people who know me best are my friends.
Object: The peple who I know best are my friends. (The subject is I.)

Where, when and why are always the object of the verb:
where, when, why တို့ဟာ အမြဲတမ်းပဲ relative clause ထဲက Verb ရဲ့ Obj ဖြစ်နိုင်ပါတယ်။

We’re going back to the hotel where we stayed last summer. (The subject is we.)

Defining relative clauses
A defining relative clause defines the noun which immediately precedes it, and is therefore essential to the meaning of the sentence:
defining relative clause ဟာ သူ့ရဲ့ ရှေ့မှာ (တခြား ဘာမှ မခြားဘဲ) ရှိနေတဲ့ Noun ကို ဖွင့်ဆို ရည်ညွှန်းပါတယ်။ ဒါကြောင့် ဒီအချက်က ဝါကျရဲ့ ဆိုလိုချက်ကို ကောက်ယူတဲ့နေရာမှာ အရေးကြီးပါတယ်။

The couple who brought me up were not my real parents. (The relative clause tells us which people.)
(who brought me up ဆိုတဲ့ def-rel-clause က သူ့ရှေ့ ကပ်နေတဲ့ the couple ကို ရည်ညွှန်း၊ ဒါ့ကြောင့် တခြား စုံတွဲကို မရည်ညွှန်း၊ ဒီစုံတွဲကိုပဲ ရည်ညွှန်း။)

Who, that and which can be lef out when they are the object of a defining relative clause:
who, that, which တွေက def-rel-clause ရဲ့ Obj ဖြစ်နေရင် သူတို့ကို ချန်ထားခဲ့နိုင်ပါတယ်။

The people (who) I know best are my close friends.
The DVD (that) you gave me for my birthday is fantastic.

When and why can also be left out.
when, why တို့ကိုလည်း ချန်ထားခဲ့နိုင်ပါတယ်။

2009 was the year (when) she left university.
That’s the reason (why) I’m so disappointed.
ငြိမ်းချမ်းပါစေ မြန်မာပြည်

အေးချမ်းပါစေ ကမ္ဘာမြေ

Comments

Popular posts from this blog

US Jobless Rate Rises While Job Growth Slows (Business)

By VOA News https://www.voanews.com/usa/us-jobless-rate-rises-while-job-growth-slows #C2+ #IELTS #Reading #VOA #Business 1. Nonfarm (adj) relating to economic activities not associated with farming 2. Payroll (n) (A) a list of people employed by a company showing the amount of money to be paid to each of them We have 500 people on the payroll. Manufacturing payrolls have dropped by 16,000. (B) (usually singular) the total amount paid in wages by a company The firm is growing fast with a montly payroll of $1 million. They have an annual payroll of #23 million. 3. Modest (adj) not very large, expensive, important, etc. modest improvement/reforms He charged a relatively modest fee. a modest little house The research was carried out on a modest scale. The party made modest gains in teh elections, but nothing like the huge gains that were predicted. a modest increase in costs She had saved a modest amount of money. 4. Revise (v) to change sth because of new information or ideas The college ...

ကိုယ့်ရဲ့ English Level ကို ဘယ်လို စစ်ကြည့်မလဲ

#Level #Test #Study #IELTS #A1 #A1+ #A2 #A2+ #B1 #B1+ #B2 #B2+ #C1 #C1+ #C2 #C2+ IELTS/TOEFL/TOEIC/Cambridge Exam/PTE တွေ ဖြေဖို့ ပြင်ဆင်တဲ့အခါ ကိုယ့် Level လောက် မမြင့်တဲ့ စာအုပ်တွေနဲ့ လေ့ကျင့်နေရင် သိပ်ပြီး ထူးခြားလာမှာ မဟုတ်ပါဘူး။ အမြင့်ကို ရောက်ချင်ရင် အထက်ကို တက်ရမှာပါ။ ဆိုတော့ အမှန်က ကိုယ့် Level နဲ့ ကိုက်ညီတဲ့၊ ကိုယ့် Level ထက် တစ်ဆင့်ပဲ ပိုမြင့်တဲ့ (ဥပမာ- ကိုယ်က B1 ဆိုရင် B1+ ဒါမှမဟုတ် B2) စာအုပ်တွေနဲ့ လေ့ကျင့်ဖို့ အတော်လေး အရေးကြီးပါတယ်။ ဒါမှပဲ ကိုယ့်အရည်အသွေးက အဆင့် မြင့်လာမှာပါ။ ဒါကို သတိတရ ပြောရတာကတော့ တစ်ခါတုန်းက ဆရာမတစ်ဦးနဲ့ ကြုံဖူးပါတယ်။ သူ့ဆီက အကူအညီတောင်းစရာရှိလို့ စကားစပ်မိကြရင်း သူက သူ့ဆီမှာ ရှိတဲ့ IELTS စာအုပ်တွေကို ကိုယ်အသုံးကျရင် ယူဖို့ ပြောပါတယ်။ အဲဒီအချိန် သူရောကိုယ်ရော B1+ ဒါမှမဟုတ် B2 ထဲ ရောက်နေပါပြီ။ (အခုလည်း B2+ လောက်တော့ ရှိကောင်းပါသေးရဲ့။) ဒါပေမဲ့ သူ ပြတဲ့ စာအုပ်တွေက A2+ / B1 လောက်ပဲ ရှိနေပါတယ်။ သူက ဒါကို သတိမပြုမိပါဘူး။ ကိုယ်ပြောမှ သူလည်း သတိထားမိသွားတာပါ။ ကိုယ် မပြောမိရင် သူ့ခမျာ လွယ်တဲ့ စာအုပ်တွေနဲ့ပဲ "ငါ တယ်တော်နေပါလား"လို့ ထင်နေရှာမှာပါ။ ကဲ ...

ဘာသာစကားတစ်ခုကို သင်တဲ့အခါ ခြွင်းချက်ထားလို့ မရ။ အကုန် သင်ရမယ်။

TOEFL/IELTS/Cambridge Exams/PTE အစရှိတဲ့ ဘာသာစကား စာမေးပွဲတွေ ဖြေခဲ့သူတွေနဲ့ စကားပြောတဲ့အခါတိုင်း အထက်က စကားကို ကြားရလေ့ ရှိပါတယ်။ အဲဒီအချိန်တွေတုန်းက သိပ်ပြီး သတိမထားမိပါဘူး။ ဒါပေမဲ့ ကိုယ်တိုင် ဖြေပြီးတဲ့နောက်မှာ အဲဒီစကားက အတော်လေး မှန်တယ်ဆိုတာကို သိလာရပါတယ်။ ကိုယ်ပိုင် တွေ့ကြုံပြီးပြီဆိုတော့ နောက်လူတွေ ထပ် မမှားသင့်တဲ့ အမှားတွေဖြစ်လို့ ပြောပါရစေဦး။ ကိုယ်တိုင် အင်္ဂလိပ်စာတွေ သင်ယူတဲ့အခါမှာရော၊ ဆရာဖြစ်လို့ သင်ပေးတဲ့အခါမှာပါ တချို့ အကြောင်းအရာတွေကို မသိမသာရော၊ သိသိသာသာပါ ချန်ထား၊ ကျော်ထားခဲ့လေ့ ရှိခဲ့ပါတယ်။ "ဒါတွေကတော့ ငါ ပြောဖြစ်မှာ မဟုတ်ပါဘူး"ဆိုတဲ့ စိတ်ထားနဲ့ ခြွင်းချက် ထားခဲ့တာတွေပါ။ ကိုယ်တွေ့ ဥပမာ ပြရရင် - အစားအသောက်၊ ဟိုတယ်၊ အဝတ်အစား စသည်ဖြင့်။ ကိုယ်ကိုယ်တိုင်က အဲဒီအကြောင်းအရာတွေကို စိတ်မဝင်စားတာကြောင့်ရော၊ အဲဒါမျိုးတွေ ပြောနေတာ/ရေးနေတာတွေကို ကလေးကလားဆန်တယ်ဆိုတဲ့ အတွေးကြောင့်ရော ချန်လှပ်ထားခဲ့မိတာပါ။ တကယ်ကျတော့ အဲဒါ အမှားကြီး မှားပါတယ်။ ပြီးခဲ့တဲ့ IELTS စာမေးပွဲ ဖြေမလို့လုပ်တုန်း Speaking ပိုင်းတွေ လေ့ကျင့်တဲ့အခါ 'ဟိုတယ်'အကြောင်း ပြောဖို့ ပါလာပါတယ်။ ကိုယ့်မှာက အဲ...