Skip to main content

ကိုယ့်ရဲ့ English Level ကို ဘယ်လို စစ်ကြည့်မလဲ

#Level #Test #Study #IELTS #A1 #A1+ #A2 #A2+ #B1 #B1+ #B2 #B2+ #C1 #C1+ #C2 #C2+

IELTS/TOEFL/TOEIC/Cambridge Exam/PTE တွေ ဖြေဖို့ ပြင်ဆင်တဲ့အခါ ကိုယ့် Level လောက် မမြင့်တဲ့ စာအုပ်တွေနဲ့ လေ့ကျင့်နေရင် သိပ်ပြီး ထူးခြားလာမှာ မဟုတ်ပါဘူး။ အမြင့်ကို ရောက်ချင်ရင် အထက်ကို တက်ရမှာပါ။ ဆိုတော့ အမှန်က ကိုယ့် Level နဲ့ ကိုက်ညီတဲ့၊ ကိုယ့် Level ထက် တစ်ဆင့်ပဲ ပိုမြင့်တဲ့ (ဥပမာ- ကိုယ်က B1 ဆိုရင် B1+ ဒါမှမဟုတ် B2) စာအုပ်တွေနဲ့ လေ့ကျင့်ဖို့ အတော်လေး အရေးကြီးပါတယ်။ ဒါမှပဲ ကိုယ့်အရည်အသွေးက အဆင့် မြင့်လာမှာပါ။

ဒါကို သတိတရ ပြောရတာကတော့ တစ်ခါတုန်းက ဆရာမတစ်ဦးနဲ့ ကြုံဖူးပါတယ်။ သူ့ဆီက အကူအညီတောင်းစရာရှိလို့ စကားစပ်မိကြရင်း သူက သူ့ဆီမှာ ရှိတဲ့ IELTS စာအုပ်တွေကို ကိုယ်အသုံးကျရင် ယူဖို့ ပြောပါတယ်။ အဲဒီအချိန် သူရောကိုယ်ရော B1+ ဒါမှမဟုတ် B2 ထဲ ရောက်နေပါပြီ။ (အခုလည်း B2+ လောက်တော့ ရှိကောင်းပါသေးရဲ့။) ဒါပေမဲ့ သူ ပြတဲ့ စာအုပ်တွေက A2+ / B1 လောက်ပဲ ရှိနေပါတယ်။ သူက ဒါကို သတိမပြုမိပါဘူး။ ကိုယ်ပြောမှ သူလည်း သတိထားမိသွားတာပါ။ ကိုယ် မပြောမိရင် သူ့ခမျာ လွယ်တဲ့ စာအုပ်တွေနဲ့ပဲ "ငါ တယ်တော်နေပါလား"လို့ ထင်နေရှာမှာပါ။ ကဲ ထားပါတော့။

အခု Level စစ်တဲ့အကြောင်း ပြန်ကောက်ပါမယ်။ Level စစ်တဲ့နည်းတွေ အမျိုးမျိုး ရှိပါတယ်။ တချို့ဟာတွေက ငွေကြေးပေးမှ ရတာတွေ ရှိပါတယ်။ တချို့ဟာတွေကတော့ အခမဲ့ ဖြစ်ပါတယ်။ ငွေကြေး မပေးရတာတွေက တိကျမှု ရှိ/မရှိ မပြောတတ်ပါ။ ပြီးတော့ စစ်တဲ့နည်းတွေ အတော်များများက Receptive Skill (Listening & Reading) တွေကိုပဲ စစ်ပြီးတော့ Productive Skill (Speaking & Writing) တွေကိုတော့ ချန်ထားခဲ့လေ့ ရှိပါတယ်။ ဒါကလည်း လက်ခံရမှာပါပဲ။ Productive Skill တွေကို စစ်ပေးဖို့က ဆရာ လိုအပ်တာကိုး။ စစ်ဆေးတဲ့ နည်းတွေ/Website တွေ အကုန်လုံးကို ကိုယ် မသိပါဘူး။ ဒီတော့ ကိုယ့်အနေနဲ့ အဆင်ပြေတယ်လို့ ယူဆတဲ့ အခကြေးငွေ ပေးစရာ မလိုတဲ့ နည်းလေးတွေကိုပဲဲ ပြောပြသွားမှာပါ။

၁။ EF Set နဲ့ စစ်ပါ။ https://www.efset.org ဖြစ်ပါတယ်။ သူက 15 minutes Test နဲ့ 50 minutes Test ဆိုပြီး ၂ မျိုး ရှိပါတယ်။ ၂ မျိုးလုံးနဲ့ စစ်ကြည့်နိုင်ပါတယ်။ Listening & Reading ကိုပဲ စစ်ဆေးတာပါ။ Writing & Speaking တွေကို စစ်ဆေးတာ မပါတဲ့အတွက်ကြောင့် ကိုယ့်ရဲ့ Overall Skill လို့ မသတ်မှတ်နိုင်ပါဘူး။ မိနစ် ၅၀ နဲ့ စစ်ရင် Certificate ပါ ပေးပါတယ်။ ရလဒ်တွေကို Linkedin မှာပါ ပြခွင့် ပြုပါတယ်။ ဒါတွေကို ဖြေမယ်ဆိုရင် မြင်ကွင်းကျယ်ကျယ် မြင်ရတဲ့ ကွန်ပျူတာနဲ့ ဖြေတာက ပိုကောင်းတယ်လို့ ထင်မိပါတယ်။ ဖုန်းနဲ့ မဖြေဖူးတဲ့အတွက် ဖုန်းနဲ့ ဖြေရင် အဆင်ပြေ/မပြေ မသိပါဘူး။ မိနစ် ၅၀ စာ ဖြေရင် Time Management က အတော်လေး အရေးကြီးပါတယ်။ ကိုယ့်တုန်းကတော့ သူတို့ရဲ့ Exam Format အနေအထားကို သိမထားလို့ အချိန် မလောက်ခဲ့ပါဘူး။ (ဒီ blog ထဲမှာပဲ သူ့အကြောင်းကို နည်းနည်းလေး ရေးထားပါသေးတယ်။ https://englishnetizen.blogspot.com/2021/05/test-test-test-online-test-efset.html)

၂။ EnglishScore ဆိုတာကိုလည်း British Council က ထုတ်ထားတာ တွေ့ပါတယ်။ သူက EF Set လောက် အချိန် အများကြီး မပေးရဘူး ထင်ပါတယ်။ iOS or Android ဖုန်းတွေနဲ့ပဲ ဖြေရမှာမို့ ကိုယ်တော့ မဖြေဖူးသေးပါဘူး။ https://www.englishscore.com မှာ Apk ကို Download ဆွဲပြီး ဖြေကြည့်နိုင်ပါတယ်။

၃။ International House (IH) ရဲ့ Level Test ကိုလည်း စစ်ဆေးကြည့်လို့ ရပါတယ်။ သူကတော့ Reading ကိုပဲ စစ်ဆေးတာပါ။ အချိန် ကြိုက်သလောက် ယူလို့ရတဲ့သဘော ရှိပါတယ်။ ဒါပေမဲ့ အချိန် အများကြီးယူရင်တော့ ကိုယ့် Level အစစ်အမှန်နဲ့ ပိုဝေးသွားနိုင်ပါတယ်။ https://ihworld.com/learn/ih-english-language-level-test/ မှာ ဖြေဆိုပါ။ ရလာတဲ့ ရလဒ်ကို ကိုယ့်ဆီ Email နဲ့ ပို့ပေးပါတယ်။ ဒါတင်မက အဲဒီ ရလဒ်ကို ကမ္ဘာအရပ်ရပ်က? IH သင်တန်းတွေမှာ Placement Test Result အဖြစ် လက်ခံပါသတဲ့။ {https://www.ihlondon.com/why-us/test-your-level-of-english/ မှာလည်း စစ်လို့ရပါတယ်။ သူက IH London ပါ။}

၄။ နောက်တစ်နည်းကတော့ ကိုယ်တိုင် သုံးတဲ့နည်းပါ။ ဒီအတွက် မေးခွန်းဟောင်း တစ်အုပ် (၄ စုံစာ) လိုအပ်ပါတယ်။ Cambridge Exam Format တွေနဲ့ စစ်ချင်တယ်ဆိုရင် PET (B1) Test တစ်အုပ်ဆိုရင် ရပါပြီ။ ဒါမှမဟုတ် IELTS Format နဲ့ စစ်ချင်တယ်ဆိုရင် Cambridge IELTS Series ထဲက နောက်ပိုင်းထုတ်တဲ့ တစ်အုပ်အုပ်ဆို အဆင်ပြေပါတယ်။ ဥပမာ Cambridge IELTS 10 (သူက အခုဆို 16 ထိတောင် ရောက်နေပါပြီ။ နောက်ပိုင်းကျတဲ့ စာအုပ်ဖြစ်လေ ပိုကောင်းလေပါ။) အသံဖိုင်တွေလည်း ပါရပါမယ်။ အဲဒီစာအုပ်တွေထဲမှာ Test ၄ စုံစာ ပါပါတယ်။ 4 Skill လုံး စစ်တာ ဖြစ်ပေမဲ့ ဒီနေရာမှာ Reading & Listening တွေကိုပဲ စစ်မှာပါ။ (Speaking & Writing စစ်ပေးမဲ့သူ ရှိရင်တော့ ပိုကောင်းတာပေါ့။) စာအုပ်ရဲ့ ရှေ့ပိုင်းထဲမှာ Exam Format (Question Types, Allowed Time, Level သတ်မှတ်ချက်) တွေ ပါပါတယ်။ ဖတ်ကြည့်ပါ။ အဲဒီနောက် Test ၂ စုံကို Exam Format ကို တီးမိခေါက်မိ ရှိအောင် အချိန် ပေးပြီး လေ့လာပါ။ ကြိုက်သလောက် အချိန်ယူပါ။ ဖြေကြည့်ပါ။ ပြီးရင် နောက်ပိုင်းက အဖြေတွေနဲ့ တိုက်ကြည့်ပါ။ အဖြေတွေနဲ့ တိုက်ကြည့်မှလည်း မေးခွန်းသဘောတရားကို ပို သိမှာပါ။ စာအုပ် ရှေ့ပိုင်းမှာ ပြထားတဲ့ Level သတ်မှတ်ချက်နဲ့ တိုက်ဆိုင်ကြည့်ပြီး ကိုယ့် Level ဘယ်လောက် ရှိသလဲလို့ အကြမ်းဖျင်း တွက်ချက်ကြည့်ပါ။ မေးခွန်း ၂ စုံ ဖြေကြည့်ပြီးပြီဆိုရင်တော့ Exam Format ကို အတော်လေး သဘောပေါက်သွားပါပြီ။ အဲဒီအခါကျမှ နောက်ကျန်တဲ့ မေးခွန်း ၂ စုံကို သတ်မှတ်ထားတဲ့ အချိန်အတိုင်း (များသောအားဖြင့် Reading က တစ်နာရီစာ၊ Listening ကတော့ ၄၅ မိနစ်ခန့်) စစ်ဆေးပါ။ အချိန် ပို မယူပါနဲ့။ သတ်မှတ်ထားတဲ့ အချိန်အတိုင်း အတိအကျ ဖြေပါ။ ပြီးရင် စာအုပ်နောက်ပိုင်းက အဖြေတွေနဲ့ တိုက်ဆိုင်ကြည့်ပါ။ ရမှတ်တွေကို စုပေါင်းပြီး Level ကို ခန့်မှန်းလို့ ရပါပြီ။ မေးခွန်း ၂ စုံစာ ဖြေခိုင်းတာက ပိုပြီး တိကျအောင်လို့ပါ။ အဲဒါဆိုရင် ကိုယ့်ရဲ့ English Level (Receptive Skills) ဘယ်လောက်ရှိသလဲဆိုတာ တွေ့လာပါလိမ့်မယ်။ ဒါကို အခြေခံပြီး ကိုယ်က ဘယ်အဆင့်က ဘာစာအုပ်တွေ လေ့လာသင့်တယ်ဆိုတာ ဆုံးဖြတ်ရမှာပါ။

အဆင်ပြေကြပါစေ။

A batch 7th TESOLer
Mandalay TESOL Centre 


(2021-07-01 ဖြည့်စွက်ချက်)
https://www.staffordhouse.com/online-english-test/english-tests.htm မှာလည်း Test ၂ ခု ဖြေကြည့်လို့ ရပါတယ်။ ၂ မျိုးလုံးက Short Multiple Choice Question တွေပါ။ Listening စစ်တာ မပါပါဘူး။ Grammar & Vocab (Usage ပိုင်း) စစ်တာလို့ ယူဆပါတယ်။ Quick English Test က မေးခွန်း ၂၀ မို့ ခဏပါပဲ။ Academic English Test ကတော့ မေးခွန်း ၈၀ မို့ အချိန်တစ်နာရီကျော် ပေးထားပါတယ်။ ကိုယ်ဖြေကြည့်တော့ (သိပ်လည်း စဉ်းစားချိန် မယူဖြစ်တာမို့) မိနစ် ၅၀ လောက်ပဲ ကြာလိုက်ပါတယ်။ ဒီ Test တွေကို ညွှန်းတာက CELTA သင်တန်းတွေမှာ အင်္ဂလိပ်စာ သင်ယူမဲ့ ကျောင်းသားတွေကို Level Test စစ်ခိုင်းဖို့ သုံးတာဖြစ်တဲ့အတွက် အတော်လေး ယုံကြည်ထိုက်တယ်လို့ ယူဆပါတယ်။




 

Comments

Popular posts from this blog

US Jobless Rate Rises While Job Growth Slows (Business)

By VOA News https://www.voanews.com/usa/us-jobless-rate-rises-while-job-growth-slows #C2+ #IELTS #Reading #VOA #Business 1. Nonfarm (adj) relating to economic activities not associated with farming 2. Payroll (n) (A) a list of people employed by a company showing the amount of money to be paid to each of them We have 500 people on the payroll. Manufacturing payrolls have dropped by 16,000. (B) (usually singular) the total amount paid in wages by a company The firm is growing fast with a montly payroll of $1 million. They have an annual payroll of #23 million. 3. Modest (adj) not very large, expensive, important, etc. modest improvement/reforms He charged a relatively modest fee. a modest little house The research was carried out on a modest scale. The party made modest gains in teh elections, but nothing like the huge gains that were predicted. a modest increase in costs She had saved a modest amount of money. 4. Revise (v) to change sth because of new information or ideas The college ...

ဘာသာစကားတစ်ခုကို သင်တဲ့အခါ ခြွင်းချက်ထားလို့ မရ။ အကုန် သင်ရမယ်။

TOEFL/IELTS/Cambridge Exams/PTE အစရှိတဲ့ ဘာသာစကား စာမေးပွဲတွေ ဖြေခဲ့သူတွေနဲ့ စကားပြောတဲ့အခါတိုင်း အထက်က စကားကို ကြားရလေ့ ရှိပါတယ်။ အဲဒီအချိန်တွေတုန်းက သိပ်ပြီး သတိမထားမိပါဘူး။ ဒါပေမဲ့ ကိုယ်တိုင် ဖြေပြီးတဲ့နောက်မှာ အဲဒီစကားက အတော်လေး မှန်တယ်ဆိုတာကို သိလာရပါတယ်။ ကိုယ်ပိုင် တွေ့ကြုံပြီးပြီဆိုတော့ နောက်လူတွေ ထပ် မမှားသင့်တဲ့ အမှားတွေဖြစ်လို့ ပြောပါရစေဦး။ ကိုယ်တိုင် အင်္ဂလိပ်စာတွေ သင်ယူတဲ့အခါမှာရော၊ ဆရာဖြစ်လို့ သင်ပေးတဲ့အခါမှာပါ တချို့ အကြောင်းအရာတွေကို မသိမသာရော၊ သိသိသာသာပါ ချန်ထား၊ ကျော်ထားခဲ့လေ့ ရှိခဲ့ပါတယ်။ "ဒါတွေကတော့ ငါ ပြောဖြစ်မှာ မဟုတ်ပါဘူး"ဆိုတဲ့ စိတ်ထားနဲ့ ခြွင်းချက် ထားခဲ့တာတွေပါ။ ကိုယ်တွေ့ ဥပမာ ပြရရင် - အစားအသောက်၊ ဟိုတယ်၊ အဝတ်အစား စသည်ဖြင့်။ ကိုယ်ကိုယ်တိုင်က အဲဒီအကြောင်းအရာတွေကို စိတ်မဝင်စားတာကြောင့်ရော၊ အဲဒါမျိုးတွေ ပြောနေတာ/ရေးနေတာတွေကို ကလေးကလားဆန်တယ်ဆိုတဲ့ အတွေးကြောင့်ရော ချန်လှပ်ထားခဲ့မိတာပါ။ တကယ်ကျတော့ အဲဒါ အမှားကြီး မှားပါတယ်။ ပြီးခဲ့တဲ့ IELTS စာမေးပွဲ ဖြေမလို့လုပ်တုန်း Speaking ပိုင်းတွေ လေ့ကျင့်တဲ့အခါ 'ဟိုတယ်'အကြောင်း ပြောဖို့ ပါလာပါတယ်။ ကိုယ့်မှာက အဲ...