Skip to main content

Avoiding repetition (အပ်ကြောင်းထပ်မှုကို ရှောင်ရှားခြင်း)

#C1 #CAE #IELTS6.5_7.5 #Grammar

- "Complete CAE" 2nd Edition


Using pronouns (pronoun များကို သုံးခြင်း)

Instead of repeating a noun or noun phrase, use a pronoun:

noun/noun phrase တွေကို ခဏခဏ ထပ်ပြီး သုံးမဲ့အစား pronoun ကို သုံးပါ။


Derek Foster worked in advertising after the war. He became a professional painter in the early 60s.


Use they/them to refer to plural nouns and to a person in the singular when you cannot state whether the person is male or female:

plural nounတွေကို ရည်ညွှန်းဖို့ they/them တို့ကို သုံးပါ။ ကျား/မဖြစ်ကြောင်း မဖော်ပြနိုင်တဲ့အခါမျိုးမှာ singular ဖြစ်တဲ့ လူပုဂ္ဂိုလ်ကို ရည်ညွှန်းဖို့ they/them တို့ကို သုံးပါ။


If you ask an artist how they started painting, they’ll often say that one of their parents taught them.


Use himself, herself, themselves, etc. when the object is the same as the subject:

ကံက ကတ္တားနဲ့ အတူတူဖြစ်နေရင် himself, herself, themselves တို့ကို သုံးပါ။


He poured himself a glass of water.

(Compare: He poured him a glass of water, where him refers to a different person.)

(အပေါ်က ဝါကျက ကိုယ့်ကိုယ်ကိုယ် ရေလောင်းတာ။ အောက်က ဝါကျကတော့ တခြားတစ်ယောက်ယောက်ပေါ် ရေလောင်းတာ။)


It, this, that, these, those may refer to a noun/noun phrase, or to the whole of the previous clause or sentence:

It, this, that, these, those တွေဟာ noun/noun phraseကို ရည်ညွှန်းနိုင်ပါတယ်။ ဒါမှမဟုတ် သူ့ရှေ့က clause တစ်ခုလုံး၊ သူ့ရှေ့က ဝါကျတစ်ခုလုံးကို ရည်ညွှန်းနိုင်ပါတယ်။


Artists now have a vast range of materials at their disposal. This means that they can be much more versatile than in the past.


That is often used when giving reasons:

အကြောင်း ပြတဲ့အခါမှာ that ကို မကြာခဏ သုံးပါတယ်။


The artist is my cousin and that’s why I’m here.


One/ones, another, the other(s), both, neither, all, none

Use one to refer to a singular countable noun in a group, and ones to refer to plural countable nouns in a group.

အုပ်စုတစ်စုထဲမှာ ရှိတဲ့ singular countable noun ကို ရည်ညွှန်းဖို့ one ကို သုံးပါ။

အုပ်စုတစ်စုထဲမှာ ရှိတဲ့ plural countable noun တွေကို ညွှန်းဖို့ ones ကို သုံးပါ။


I’ve made some sandwishes – would you like one?

There are some excellent exhibitions on. I strongly recommend the one at the National Gallery.

Our neighbours are generally nice, but the ones in flat 4 aren’t very sociable.


Use a(n)/the … one or (the) … ones with an adjective:

a(n)/the … one ဒါမှမဟုတ် (the) … ones တို့ကို adj နဲ့ တွဲပြီး သုံးပါ။ (ဆိုလိုတာက a/an/the +adj+ one ဒါမှမဟုတ် (the) + adj + ones လို့ ပုံစံထုတ်)


I’ve bought a lot of new shirts recently, but for gardening I prefer to wear an old one.

I enjoy romantic films, especially sad ones.


Use another to refer to a second/third (etc.) singular countable noun in a group:

အုပ်စုတစ်စုထဲမှာရှိတဲ့ ဒုတိယ/တတိယ(စသည်)ဖြစ်တဲ့ singular countable noun ကို ရည်ညွှန်းဖို့ another ကို သုံးပါ။


One picture showed a girl combing her hair. Another was of the same gril dancing.


Use the other when referring to the second of two things/people already mentioned, and the others when referring to the rest of a number of things/people:

ဖော်ပြပြီးသား/ပြောပြီးသားဖြစ်တဲ့ လူပုဂ္ဂိုလ်၂ဦး/အရာဝတ္ထု၂ခုထဲက ဒုတိယလူပုဂ္ဂိုလ်/ဒုတိယအရာဝတ္ထုကို ရည်ညွှန်းတဲ့အခါ the other ကို သုံးပါ၊ တခြားကျန်တဲ့ လူပုဂ္ဂိုလ်/အရာဝတ္ထုတွေကို ရည်ညွှန်းတဲ့အခါ the others ကို သုံးပါ။


Pablo has two houses. One is in Sao Paulo and the other is in Singapore.

Most of the actors went to party. The others went home to bed.


Use both and neither to refer to two things/people:

လူပုဂ္ဂိုလ်၂ဦး/အရာဝတ္ထု၂ခုကို ရည်ညွှန်းဖို့ both နဲ့ neither ကို သုံးပါ။


He’s written two novels and both have won prizes.

Neither is autobiographical.


Use all and none to refer to more than two things/people:

လူပုဂ္ဂိုလ်၂ဦးထက်/အရာဝတ္ထု၂ခုထက် ပိုများတာတွေကို ရည်ညွှန်းဖို့ all နဲ့ none ကို သုံးပါ။


He’s written twenty novels and I’ve read all of them.

Mariella invited her friends but none of them came.


who, which, whose

See pages 171-172: Relative clauses.


Using auxiliary and modal verbs

Instead of repeating a whole verb or verb phrase, we can often use an auxiliary or modal verb:

verb တစ်ခုလုံး/ verb phraseတစ်ခုလုံးကို ခဏခဏ ထပ်ပြီး သုံးမဲ့အစား auxiliary/modal verb တွေကို မကြာခဏ သုံးပေးနိုင်ပါတယ်။


Not many people have read ‘The Dungeon’ and I’m one of the few that have.

A year ago I couldn’t drive a car, but now I can.


Use a form of do to replace a verb in the present or past simple:

present/past simple တွေမှာ verb တွေကို အစားထိုးဖို့အတွက် do ပုံစံကို သုံးပါ။


I really enjoy good comedy films, but then I think everyone does.

Most people liked the film, but I didn’t.


Using ‘so’

With verbs like think, suppose, believe, hope, etc., use so to avoid repeating a clause or sentence:

think, suppose, believe, hope အစရှိတဲ့ ကြိယာမျိုးတွေနဲ့ သုံးတဲ့အခါ clause/sentence ကို ခဏခဏ ထပ်ပြီး မသုံးဖြစ်အောင် so ကို သုံးပါ။


‘Do you think Real Madrid will win the championship?’ ‘I guess so.’ (= I guess they will win the championship.)


Use do so to avoid repeating a verb or verb phrase:

verb/verb phrase ကို ခဏခဏ ထပ်ပြီး မသုံးဖြစ်အောင် do so ပုံစံကို သုံးပါ။


I told my students to hand in the essay on Monday and all of them did so. (= handed in the essay on Monday)


Omitting words (စကားလုံးများကို ချန်ထားခြင်း)

With a verb or adjective that is followed by an infinitive with to, it is sometimes possible to use to on its own, instead of repeating a whole phrase.

နောက်မှာ full infinitive (to+infinitive) လိုက်ပါတဲ့ verb/adj တွေနဲ့ သုံးတဲ့အခါ phrase တစ်ခုလုံးကို ခဏခဏ ထပ် သုံးမဲ့အစား တစ်ခါတစ်လေ to သက်သက်ကိုပဲ သုံးနိုင်ပါတယ်။


Kim suggested going to the ballet, but I didn’t want to.

Give me a call later if you’re able to.

I’d like to be able to solve your problems but I just don’t know how to.

 

ငြိမ်းချမ်းပါစေ မြန်မာပြည်

အေးချမ်းပါစေ ကမ္ဘာမြေ

A batch 7th TESOLer
Mandalay TESOL Centre

Comments

Popular posts from this blog

US Jobless Rate Rises While Job Growth Slows (Business)

By VOA News https://www.voanews.com/usa/us-jobless-rate-rises-while-job-growth-slows #C2+ #IELTS #Reading #VOA #Business 1. Nonfarm (adj) relating to economic activities not associated with farming 2. Payroll (n) (A) a list of people employed by a company showing the amount of money to be paid to each of them We have 500 people on the payroll. Manufacturing payrolls have dropped by 16,000. (B) (usually singular) the total amount paid in wages by a company The firm is growing fast with a montly payroll of $1 million. They have an annual payroll of #23 million. 3. Modest (adj) not very large, expensive, important, etc. modest improvement/reforms He charged a relatively modest fee. a modest little house The research was carried out on a modest scale. The party made modest gains in teh elections, but nothing like the huge gains that were predicted. a modest increase in costs She had saved a modest amount of money. 4. Revise (v) to change sth because of new information or ideas The college ...

ကိုယ့်ရဲ့ English Level ကို ဘယ်လို စစ်ကြည့်မလဲ

#Level #Test #Study #IELTS #A1 #A1+ #A2 #A2+ #B1 #B1+ #B2 #B2+ #C1 #C1+ #C2 #C2+ IELTS/TOEFL/TOEIC/Cambridge Exam/PTE တွေ ဖြေဖို့ ပြင်ဆင်တဲ့အခါ ကိုယ့် Level လောက် မမြင့်တဲ့ စာအုပ်တွေနဲ့ လေ့ကျင့်နေရင် သိပ်ပြီး ထူးခြားလာမှာ မဟုတ်ပါဘူး။ အမြင့်ကို ရောက်ချင်ရင် အထက်ကို တက်ရမှာပါ။ ဆိုတော့ အမှန်က ကိုယ့် Level နဲ့ ကိုက်ညီတဲ့၊ ကိုယ့် Level ထက် တစ်ဆင့်ပဲ ပိုမြင့်တဲ့ (ဥပမာ- ကိုယ်က B1 ဆိုရင် B1+ ဒါမှမဟုတ် B2) စာအုပ်တွေနဲ့ လေ့ကျင့်ဖို့ အတော်လေး အရေးကြီးပါတယ်။ ဒါမှပဲ ကိုယ့်အရည်အသွေးက အဆင့် မြင့်လာမှာပါ။ ဒါကို သတိတရ ပြောရတာကတော့ တစ်ခါတုန်းက ဆရာမတစ်ဦးနဲ့ ကြုံဖူးပါတယ်။ သူ့ဆီက အကူအညီတောင်းစရာရှိလို့ စကားစပ်မိကြရင်း သူက သူ့ဆီမှာ ရှိတဲ့ IELTS စာအုပ်တွေကို ကိုယ်အသုံးကျရင် ယူဖို့ ပြောပါတယ်။ အဲဒီအချိန် သူရောကိုယ်ရော B1+ ဒါမှမဟုတ် B2 ထဲ ရောက်နေပါပြီ။ (အခုလည်း B2+ လောက်တော့ ရှိကောင်းပါသေးရဲ့။) ဒါပေမဲ့ သူ ပြတဲ့ စာအုပ်တွေက A2+ / B1 လောက်ပဲ ရှိနေပါတယ်။ သူက ဒါကို သတိမပြုမိပါဘူး။ ကိုယ်ပြောမှ သူလည်း သတိထားမိသွားတာပါ။ ကိုယ် မပြောမိရင် သူ့ခမျာ လွယ်တဲ့ စာအုပ်တွေနဲ့ပဲ "ငါ တယ်တော်နေပါလား"လို့ ထင်နေရှာမှာပါ။ ကဲ ...

ဘာသာစကားတစ်ခုကို သင်တဲ့အခါ ခြွင်းချက်ထားလို့ မရ။ အကုန် သင်ရမယ်။

TOEFL/IELTS/Cambridge Exams/PTE အစရှိတဲ့ ဘာသာစကား စာမေးပွဲတွေ ဖြေခဲ့သူတွေနဲ့ စကားပြောတဲ့အခါတိုင်း အထက်က စကားကို ကြားရလေ့ ရှိပါတယ်။ အဲဒီအချိန်တွေတုန်းက သိပ်ပြီး သတိမထားမိပါဘူး။ ဒါပေမဲ့ ကိုယ်တိုင် ဖြေပြီးတဲ့နောက်မှာ အဲဒီစကားက အတော်လေး မှန်တယ်ဆိုတာကို သိလာရပါတယ်။ ကိုယ်ပိုင် တွေ့ကြုံပြီးပြီဆိုတော့ နောက်လူတွေ ထပ် မမှားသင့်တဲ့ အမှားတွေဖြစ်လို့ ပြောပါရစေဦး။ ကိုယ်တိုင် အင်္ဂလိပ်စာတွေ သင်ယူတဲ့အခါမှာရော၊ ဆရာဖြစ်လို့ သင်ပေးတဲ့အခါမှာပါ တချို့ အကြောင်းအရာတွေကို မသိမသာရော၊ သိသိသာသာပါ ချန်ထား၊ ကျော်ထားခဲ့လေ့ ရှိခဲ့ပါတယ်။ "ဒါတွေကတော့ ငါ ပြောဖြစ်မှာ မဟုတ်ပါဘူး"ဆိုတဲ့ စိတ်ထားနဲ့ ခြွင်းချက် ထားခဲ့တာတွေပါ။ ကိုယ်တွေ့ ဥပမာ ပြရရင် - အစားအသောက်၊ ဟိုတယ်၊ အဝတ်အစား စသည်ဖြင့်။ ကိုယ်ကိုယ်တိုင်က အဲဒီအကြောင်းအရာတွေကို စိတ်မဝင်စားတာကြောင့်ရော၊ အဲဒါမျိုးတွေ ပြောနေတာ/ရေးနေတာတွေကို ကလေးကလားဆန်တယ်ဆိုတဲ့ အတွေးကြောင့်ရော ချန်လှပ်ထားခဲ့မိတာပါ။ တကယ်ကျတော့ အဲဒါ အမှားကြီး မှားပါတယ်။ ပြီးခဲ့တဲ့ IELTS စာမေးပွဲ ဖြေမလို့လုပ်တုန်း Speaking ပိုင်းတွေ လေ့ကျင့်တဲ့အခါ 'ဟိုတယ်'အကြောင်း ပြောဖို့ ပါလာပါတယ်။ ကိုယ့်မှာက အဲ...