#A1 #A2 #B1 #B2 #B2+ #C1 #C1+ #C2 #C2+ #IELTS #Listening #Reading #Skills #Test #EFSet
ဟိုတစ်နေ့က ပျင်းပျင်းရှိတာနဲ့ https://www.efset.org ရဲ့ Level Test လေးကို ဝင်ဖြေကြည့်ပါတယ်။ သူက 15 Minutes Quick Check နဲ့ 50 Mintues EF Test ဆိုပြီး ၂ ခုရှိပါတယ်။ အသံထွက် ကောင်း/မကောင်း သိချင်ရင်လည်း စစ်ကြည့်လို့ ရပါသေးတယ်။ ၃ မျိုးလုံး ဖြေကြည့်ပါတယ်။ Reliable ဘယ်လောက်ထိ ရှိ/မရှိကတော့ မပြောတတ်ပါဘူး။
စဉ်းစားစရာတွေကတော့
၁။ မေးခွန်းကလည်း ပုံစံစုံ မဟုတ်ပါဘူး။ အတော်များများက Multiple Choice တွေပါ။
၂။ Skill အစုံ မဟုတ်ပါဘူး။ Reading & Listening ကိုပဲ စစ်တာပါ။
ဒီတော့ အဖြေက ဘယ်အတိုင်းအတာထိ မှန်မယ်ဆိုတာ မပြောနိုင်ပါဘူး။
ဖြေကြည့်မယ်ဆိုရင် 15 Min Check မှာ Time Management ကိစ္စ သိပ် မပူရပါဘူး။ ဒါပေမဲ့ 50 Min Test မှာတော့ Time က အတော်လေး အရေးပါလာပါတယ်။ သူတို့ စစ်တဲ့ပုံစံကို တစ်ခါမှ မြင်ဖူးမထားတော့ Time Management ပိုင်း အားနည်းခဲ့တာ အမှန်ပါ။ Reading မှာလည်း ကသောကမျော ဖတ်ပြီး ဖြေခဲ့ရပါတယ်။ ပိုဆိုးတာက Listening မှာပါ။ တကယ်ပြောရရင် Listening ရဲ့ နောက်ပိုင်း မေးခွန်းတွေကို ကောင်းကောင်း မကျေလည်ခဲ့ပါဘူး။
အဓိကအချက်ကတော့ Exam Format ကို သိမထားလို့ ဖြစ်ရတဲ့ကိစ္စပါ။ 50 Min Test အကြောင်း မှတ်မိသလောက် ပြန်ပြောရရင် Reading မှာ Passage 3 ပိုင်း မေးပါတယ်။ တစ်ပိုင်းမှာ ၂ ပုဒ်စီ ပါပါတယ်။ မေးပုံက Passage 2 ပုဒ်ကို ဖတ်ခိုင်းပြီး နှိုင်းယှဉ်မေးတဲ့ မေးခွန်းပါ။ မှတ်မှတ်ရရ ပထမဆုံးအပုဒ်က ပွဲတော် ၂ ခုအကြောင်းပါ။ အဲဒါကို အကြောင်းအရာတစ်ခုကို တစ်ပိုဒ်စီ တင်ပြထားပြီး
A. "ပွဲတော်ကျင်းပချိန်ကို စာပိုဒ် ၁ မှာပဲ ပြထားပါသလား"
B. "ပွဲတော်ကျင်းပချိန်ကို စာပိုဒ် ၂ မှာပဲ ပြထားပါသလား"
C. "ပွဲတော်ကျင်းပချိန်ကို စာပိုဒ် နှစ်ခုလုံးမှာ ပြထားပါသလား"
D. "ပွဲတော်ကျင်းပချိန်ကို ဘယ်စာပိုဒ်ထဲမှာမှ ပြ မထားဘူလား"
လို့ မေးပါတယ်။ အဖြေမှန်ကို ရွေးပေးရမှာပါ။ Reading ပိုင်းမှာ အဲဒီပုံစံနဲ့ သွားပါတယ်။
Listening ပိုင်းမှာကျတော့ Multiple Choice တွေ အများကြီး ပေးထားပြီး ရွေးခိုင်းတာပါ။ တချို့ဟာတွေက 5 of 8 ဆန်ဆန်မျိုးတွေပါပဲ။ အဆုံးသတ်အပိုင်းကျတော့ အသံဖိုင်က အတော်လေး ရှည်ပါတယ်။ မေးခွန်းကျတော့လည်း မေးခွန်းတစ်ခုစီကို 2 of 5 ပုံစံ ရွေးခိုင်းတာပါ။ အထက်မှာ ပြောခဲ့သလိုပါပဲ။ Listening ရဲ့ အဆုံးပိုင်းကို ကျေနပ်အောင် မဖြေခဲ့ရပါဘူး။
ပိုပြီး အခက်အခဲ ဖြစ်စေတာက Screen Size သေးတဲ့ ကိစ္စပါ။ ကိုယ်တောင် ကွန်ပျူတာ(Laptop) နဲ့ ဖြေတာ ခက်ခဲတာမို့ ဖုန်းနဲ့ ဖြေရင် ပိုဆိုးပါမယ်။ အမှန်က ကွန်ပျူတာမှာဆိုရင် မေးခွန်းတွေကို အကုန်လုံး မြင်နေအောင် Browser ရဲ့ Zoom ကို ချုံ့လိုက်ရင် အများကြီး အဆင်ပြေပါတယ်။ ဖတ်လို့လည်း ကောင်းပါတယ်။ အဲဒါကို စောစောစိးစီး သိမထားတော့ အဆင်မပြေမှုတွေ များခဲ့တယ်ဆိုပါတော့။
15 Min Check ကို ဖြေကြည့်တုန်းက ရယ်စရာ ကြုံခဲ့ရပါသေးတယ်။ ပထမတစ်ခါ ဖြေလိုက်ပါတယ်။ 86/100 ရပါတယ်။ အဲဒါ မကျေနပ်သေးတာနဲ့ သူငယ်ချင်းတစ်ယောက်ကို အကူအညီတောင်းပြီး သူ့ Account နဲ့ ပြန်ဖြေကြည့်ပါတယ်။ နဂိုတုန်းက မှန်တယ်လို့ ထင်လို့ ရွေးခဲ့တာတွေကို မရွေးဘဲ သံသယရှိတာတွေ ရွေးပြီး ဖြေကြည့်တာပါ။ အဖြေကျတော့ 76/100 နဲ့ ပိုတောင် ဆိုးသွားပါသေးတယ်။ :-) :-)
အသံစစ်ဆေးတာကတော့ English Pronunciation ကောင်း/မကောင်း စစ်ပေးတဲ့သဘောပါ။ Sentence 3 ခုကိုပဲ အသံထွက်ဖတ်ခိုင်းပြီး Record လုပ်ခိုင်းပါတယ်။ ချက်ချင်းပဲ အဖြေကို ပြပါတယ်။ သူကတော့ ဘယ်စကားလုံးတွေမှာ အသံထွက် လိုသေးတယ်၊ ဘယ်စကားလုံးတွေ အသံထွက်တာကတော့ ကောင်းတယ်စသည်ဖြင့် Colour Code နဲ့ ပြပေးပါတယ်။ Sentence 3 ခုပဲ ရှိတာပေါ့ သူလည်းပဲ Reliable ဘယ်လောက် ရှိတယ်ဆိုတာ မပြောတတ်ပါဘူး။
50 Min Test ကို ဖြေရင် Certificate ပေးပါတယ်။ LinkedIn & Facebook တို့မှာ ကြွားပြလို့ ရပါတယ်။ ဘာပဲဖြစ်ဖြစ် အဲဒီက ပေးထားတဲ့ Test 3 မျိုးလုံးကို ဖြေကြည့်သင့်ပါတယ်။ ဒါမှ "ဒီလိုတွေလည်း ရှိတာပါလား"ဆိုတာ သိနိုင်မှာပါ။ ရလဒ်ဘယ်လိုပဲ ဖြစ်ပါစေ ကိစ္စမရှိပါဘူး။ အတွေ့အကြုံ ရယူတာမို့ ကိုယ့်အတွက် အမြတ်ပဲလို့ သဘောထားပါ။
A batch 7th TESOLer
Mandalay TESOL Centre

Comments
Post a Comment